ဂေါတမမြတ်စွာဘုရားသည် သတ္တမသတ္တာဟ၌ လင်းလွန်းပင်ရင်းဝယ် စံနေတော်မူစဉ် ဥက္က
လာနယ်မှ ကုန်ရောင်းလာကြသော “ တပုဿ ” နှင့် “ ဘလ္လိက ” ကုန်သည်ညီနောင်တို့ ရောက်
လာကြပြီးလျှင် မြတ်စွာဘုရားအား ပျားဆုပ်မုန့်နှင့် မုန့်ကြွက်ကျစ်တို့ကို လှူဒါန်းကြသဖြင့် မြတ်
စွာဘုရားက အနုမောဒနာတရား ဟောကြားသောအခါ ဘုရားနှင့်တရား သရဏဂုံ နှစ်ပါးကို ယုံ
ကြည် ဆည်းကပ်ကြ၏။
ဤကုန်သည်ညီနောင်မှာ မြတ်စွာဘုရား၏ ပထမဆုံး သာဝကများလည်းဖြစ် သရဏဂုံနှစ်ပါး
အစဆုံး တည်သူများလည်းဖြစ်ကြ၏။ ထိုအချိန်အခါက မြတ်စွားဘုရား၏သာသနာ့နွယ် သံဃာမရှိ
သေးသဖြင့် သရဏဂုံနှစ်ပါးသာ ဆောက်တည်ရပါ၏။
ကုန်သည်ညီနောင်တို့က အမြဲကိုးကွယ်ဖို့ရာ ပူဇော်ဖွယ်တစ်ခုခု ချီးမြှင့်တော်မူပါရန် လျှောက်
ထားကြသောအခါ မြတ်စွာဘုရားက ဆံတော်ကို လက်ဖြင့်သပ်၍ လက်တွင်ပါလာသော ဆံတော်
ဓာတ်တို့ကို ချီးမြှင့်တော်မူလိုက်၏။ ကုန်သည်ညီနောင်တို့သည် ဥက္ကလာသို့ ပြန်ရောက်သောအခါ
ထို ဆံတော်တို့ကို ဌာပနာ၍ စေတီတည်ထားကြ၏။
( ဤ ကုန်သည်ညီနောင်တို့၏ ဥက္ကလာနယ်ကိုပင် ဥက္ကလာပဟုခေါ်သော ဒဂုံမြို့ဟုယူဆကြကာ ယ
ခု ရွှေတိဂုံစေတီတော်ကို ထိုစဉ်က တပုဿနှင့် ဘလ္လိက ညီနောင်တို့ တည်ထား၍ ဆံတော်များ
ဌာပနာခဲ့ကြသည်ဟု ယူဆကြ၏။ အချို့သော သုတေသီပညာရှင်တို့ကမူ ထိုစဉ်က ဥက္ကလာနယ်
ဆိုသည်မှာ အိန္ဒိယပြည်၌ ယခုရှိနေသော “ သြရိဿနယ် ” ဖြစ်ဟန်ရှိကြောင်း ရေးသားကြ၏။
ထိုအချိန်အခါက မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ ရောက်ရှိဟန်မရှိဟု သုံးသပ်ကြ၏။ )
{ပြည်တွင်းပြည်ပသာသနာပြု ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အခြေပျိုးဗုဒ္ဓဘာသာကို ကိုးကား
ရေးသားပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
-------------------------------------------------------------
“အဓိဌာန်”
========
ငါ့တွက်များမြောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ သာသနာ၏
ရှည်စွာအဓွန့် ရောင်လျံကွန့်ဖို့
စွန့်စွန့် စားစား ငါကြိုးစားသည်
စိတ်ထား ငါ့မှာ အမြဲတည်း။ ။
(ဆရာတော် အရှင်ဇနကာဘိဝံသ)
No comments:
Post a Comment