ဗုဒ္ဓဘာသာဝင်မှန်သမျှ ရတနာ သုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို
ယုံကြည်ကြသည်။ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဟူသည် မိမိပြုသော ကောင်းမှု၊
မကောင်းမှုကသာ မိမိ၏ဘ၀ သံသရာကို စီမံဖန်တီးခြင်း ဖြစ်သည်
ဟူ၍ ယုံကြည်ထားကြသည်။ ဘ၀သံသရာသည် ရှည်လျားလွန်းသည့်အလျောက် နိဗ္ဗာန်သို့ မရောက်မီ ဘ၀တစ်
ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းပြီး သံသရာမှာ လူ့ ဘ၀၊ နတ်ဘ၀၊ တိရစ္ဆာန်ဘ၀ စသည်ဖြင့် ကျင်လည်ရပါသည်။
ကိုယ်ကိုယ်တိုင်က လူဖြစ်ချင်တဲ့ စိတ်ဆန္ဒရှိရင် နောက်ဘ၀မှာ လူကိုဖြစ်စေပါတယ်။
နတ်ဖြစ်ချင်တဲ့ စိတ်က နတ်ကို ဖြစ်စေပါတယ်။
ဗြဟ္မာဖြစ်ချင်တဲ့စိတ်က ဗြဟ္မာကို ဖြစ်စေပါတယ်။
တိရစ္ဆာန် ဖြစ်ချင်တဲ့စိတ်က တိရစ္ဆာန်ကို ဖြစ်စေပါတယ်။
ကြောင်ကလေးတွေ၊ ခွေးကလေးတွေ အိမ်မှာ မွေးထားတတ်ကြတယ်။ သဘောကျလို့  မွေးထားတာပဲ
ဖြစ်ဖြစ်၊ ချစ်လို့ မွေးထားတာပဲဖြစ်ဖြစ် သူတို့ လိုဖြစ်ချင်ရင် ခွေးဖြစ်မှာပဲ၊ ကြောင်ဖြစ်မှာပဲ၊ သဘောပေါက်ကြ
ပါ။ စိတ်၏ဆွဲရာနောက် လိုက်နေကြပါတယ်။ စိတ်ဟာအရေးကြီးပါတယ်၊ လူဖြစ်ချင်ရင် လူဖြစ်ပြီး၊ နတ်ဖြစ်ချင်
ရင် နတ်ဖြစ်ပါတယ်။ ဗြဟ္မာဖြစ်ချင်ရင် ဗြဟ္မာဖြစ်ပါတယ်။ တိရစ္ဆာန်ဖြစ်ချင်ရင် တိရစ္ဆာန်ဖြစ်ပါတယ်။ ဖြစ်ချင်
တဲ့စိတ်ကဖြစ်တယ် ဆိုပေမယ်လို့  လူဖြစ်ချင်တိုင်း လူဖြစ်သလား?။ မဖြစ်ပါဘူး။ လူဖြစ်ချင်တဲ့စိတ်လည်း ပါရ
မယ်၊ လူဖြစ်အောင် လုပ်တဲ့ ကံလည်းပါရမယ်။ =ထီပေါက်ချင်လိုက်တာ ဆိုတဲ့ စိတ်ရှိရုံနဲ့  မဖြစ်ပါဘူး။ စာမေး
ပွဲ အောင်ချင်လိုက်တာ ဆိုတဲ့စိတ်ရှိရုံနဲ့  မဖြစ်ပါဘူး။ အဲဒီစိတ်လည်းပါရမယ်၊ နောက်ကလုပ်တဲ့ အလုပ်လည်း
ပါရပါမယ်။ =လူတွေဆွမ်းလောင်းချင်တဲ့စိတ် ပေါ်ရုံနဲ့ မပြီးဘူး၊ လောင်းတာကို ဆောင်ရွတ်တဲ့ ကာယကံလည်း
ရှိရပါမယ်။ ဖြစ်ချင်တဲ့စိတ်နဲ့  ဖြစ်အောင်လုပ်တဲ့ အလုပ်(ကံ)လည်းပါရပါမယ်။
မိမိ၏စိတ်ကို သတိပညာဖြင့် ထိန်းကျောင်းကာ လိုရာဘ၀ခရီးသို့  ရောက်နိုင်ကြပါစေ။ ။
{ ဒေါက်တာ အရှင်ဆေကိန္ဒ၏ " ဆွဲရာနောက် လိုက်နေကြတယ်။ " ကို ကိုးကားရေးသားပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
----------------------------------------------------------
“ ဘာသာဝါဒ ရွေးချယ်ကြ ”
================
ဘာသာဝါဒ၊ ရွေးချယ်ကြ
မှန်မှ ကျိုးများမည်။
အယူဝါဒ၊ မှားယွင်းက
မုချ ကျိုးနည်းမည်။
အမှားအမှန်၊ ရွေးချယ်ရန်
စံမှန် ရှိရမည်။
မှတ်ကျောက်မှာတင်၊ စံမှာယှဉ်
ရွေးလျှင် မမှားပြီ။ ။
(ချမ်းမြေ့ဆရာတော်)
No comments:
Post a Comment