အရှင်သာရိပုတ္တရာသည် ဥပတိဿ ပရဗိုဇ် ဘ၀ဖြင့် အရှင်အဿဇိထံမှ မြတ်စွာဘုရား၏
တရားတော်ကို နာကြားရ၍ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရခဲ့၏။ ထို့ကြောင့် ဆရာဖြစ်သူ
အရှင်အဿဇိကို ပူဇော်လို၍ ရောက်လေရာ အရပ်တိုင်း၌ အရှင်အဿဇိ ရှိရာအရပ်ဘက်ကို ဦး
ခေါင်းထား အိပ်ခြင်း၊ ရှိခိုးခြင်းကို အစဉ်အမြဲ ပြု၏။
အရှင်သာရိပုတ္တရာ၏ အပြုအမူကို ကြည့်ပြီး အကြောင်းမှန်ကို မသိသော ရဟန်းများက
အရှင်သာရိပုတ္တရာသည် အရပ်မျက်နှာတွေကို ရှိခိုးနေသည်ဟု ထင်မှတ်ကြသဖြင့် မိစ္ဆာဒိဌိဟု စွပ်
စွဲမိကြကာ မြတ်စွာဘုရား နားတော် ပေါက်ကြားအောင် လျှောက်ထားကြလေသည်။
မြတ်စွာဘုရားကိုယ်တော်က မေးမြန်းတော်မူသောအခါ အရှင်သာရိပုတ္တရာ မြတ်ကြီးက
သူ၏လက်ဦးဆရာဖြစ်သူ အရှင်အဿဇိ မထေရ် ရှိရာဘက်သို့ ဦးခေါင်းထားအိပ်ခြင်း ဖြစ်ကြောင်း
နှင့် ဆရာအရှင်ကို ရည်မှန်း၍ ရှိခိုးပူဇော်ခြင်း ဖြစ်ကြောင်း လျှောက်ထားလေသည်။
ဤအချက်ကို အကြောင်းပြု၍ မြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြားတော်မူလေသည်။
“အကြင် ဆရာ့အထံမှ မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို သင်ယူနာကြား
မှတ်သားရ၏။ ထိုဆရာကို ပုဏ္ဏားသည် ယဇ်ပူဇော်သောမီးကို ရိုသေစွာ ရှိခိုးသကဲ့သို့ ရိုသေစွာ
ရှိခိုးရာ၏။”
“ယမှာ ဓမ္မံ ၀ိဇာနေယျ၊ သမ္မာသမ္ဗုဒ္ဓ ဒေသိတံ။
သက္ကစ္စံ တံ နမေဿယျ၊ အဂ္ဂိဟုတ္တံဝ ဗြဟ္မဏော။”
(ဓမ္မ ပဒ၊ ၃၉၂ ဂါထာ)
{ချမ်းမြေ့ဆရာတော်၏ ချမ်းမြေ့မင်္ဂလာ သင်စရာမှ ကောက်နုတ်ရေးသားပါသည်။}
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
------------------------------------------------------
“ဓမ္မစကား”
========
ဓမ္မစကား
နေ့တိုင်းကြားက
စိတ်ထားဖွေးလက်
သိဉာဏ်ထက်၏။ ။
(အရှင် ဆန္ဒာဓိက)
No comments:
Post a Comment