မြတ်စွာဘုရားသည် ပထမ၀ါ၌ မိဂဒါဝုန်တောတွင်ပင် ၀ါဆိုတော်မူ၏။ နာလက ရသေ့
အား မောနေယျအကျင့်ကို ဟောတော်မူ၏။ သူဌေးသား ယသကိုလည်းကောင်း၊ သူ၏ သူငယ်
ချင်း ၅၄ ယောက်တို့ကို လည်းကောင်း တရားရစေကာ ဧဟိဘိက္ခု ရဟန်းပြုပေးတော်မူ၏။
ယသ ၏ မိဘများနှင့် ဇနီးဟောင်းတို့ သောတာပန် ဖြစ်ကြ၏။
ဝါကျွတ်သောအခါ ပ၀ါရဏာ ပြုပြီးလျှင် မြတ်စွာဘုရားသည် ခြောက်ကျိပ်သော တပည့်
ရဟန္တာတို့ကို နေရာဖြန့်၍ သာသနာပြု စေလွှတ်တော်မူ၏။ ။
{လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာမှ ကူးယူရေးသားပါသည်။}
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment