သီလဗ္ဗတပရာမာသ ဆိုတာ ခွေးလို၊ နွားလိုကျင့်တဲ့ အကျင့်မျှသာ မဟုတ်ဘူး၊ ပါဠိ အ
ဌကထာများမှာ မပါတဲ့ အလေ့အကျင့် ဟူသမျှကို ယုံကြည်စွဲလမ်းတာတွေဟာ သီလဗ္ဗတပရာ
မာသ ဒိဌိချည်းပဲ။ “ သစ္စာမမြင်၊ မဂ္ဂင်မပါ၊
လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊
ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်၊ သီလဗ္ဗတပင်။ ”
ဆောင်ပုဒ်အရ သစ္စာ ၄ ပါးကို သိအောင်ရှုတာလည်း မဟုတ်ပါဘဲ၊ မဂ္ဂင် ၈ ပါး ဖြစ်
အောင် ကျင့်တာလည်း မဟုတ်ပါဘဲ အခြားအကျင့် ဟူသမျှတွေဟာ သီလဗ္ဗတချည်းပဲ။ အဲဒီလို
အကျင့်ကို ယုံကြည်စွဲလမ်းမှုဟူသမျှတွေဟာလည်း သီလဗ္ဗတပရာမာသ မိစ္ဆာဒိဌိချည်းပဲဖြစ်တယ်။
{ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဓမ္မစကြာတရား
တော်မှ ကူးယူရေးသားပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment