ငါ့ရှင်တို့ ...
ငါတို့သည် ....
၁။ “ မသူတော်တရား မထွန်းကားမီ ”
“ သူတော်ကောင်းတရား မကွယ်ပမီ ”
၂။ “ ၀ိနည်းမဟုတ်သောတရား မထွန်းကားမီ ”
“ ၀ိနည်းတရား မကွယ်ပမီ”
၃။ “ အဓမ္မ၀ါဒီပုဂ္ဂိုလ်တို့ အားမရှိမီ ”
“ ဓမ္မ၀ါဒီပုဂ္ဂိုလ်တို့ အားမနည်းမီ ”
၎။ “ အ၀ိနယ၀ါဒီပုဂ္ဂိုလ်တို့ အားမရှိမီ ”
“ ၀ိနယ၀ါဒီပုဂ္ဂိုလ်တို့ အားမနည်းမီ ”
ဓမ္မ နှင့် ၀ိနယကို ငါတို့ စုပေါင်း ရွက်ဆိုကြပါစို့။ ။ ။
ဤ ကြွေးကြော်သံကို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က
သင်္ဂါယနာတင် ရဟန္တာအရှင်မြတ်များ တက်ကြွစွာ ကြွေးကြော်ခဲ့သည်။
= ယနေ့ ယခု အချိန်တွင်လည်း ဆက်လက်ကြွေးကြော်ကြပါစို့ ........
{ ၁၅ ကြိမ်မြောက်၊ ကံဖေတိုက်နယ်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲမော်ကွန်း
(ပိဋကတ်နိဒါန်း) မှ ကူးယူရေးသားမျှဝေပါသည်။}
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment