Monday, March 10, 2014

ဈာန်တရားအားထုတ်ရင်း အတွေးလွဲချော်မှုများ။

          မြတ်စွာဘုရားက လောကကြီးမှာ ပွင့်တော်မူနေပြီး တရားဓမ္မတွေ ဟောနေပါပြီ။ ဘုရား
လောင်းတုန်းက ဆရာတော်ဖူးတဲ့ “အာဠာရကာလာမ” နဲ့ “ဥဒက ရာမပုတ္တ” တို့က ရုပ်ခန္ဓာကိုယ်ကြီး
မပါတဲ့ ဗြဟ္မာ့ဘုံ ရောက်နေကြပါတယ်။  အာဠာရကာလာမ ဆိုတဲ့ ဆရာကြီးက ဈာန်အဆင့် အားဖြင့်

ခုနှစ်ဆင့်ထိ ပေါက်ထားတဲ့ ပုဂ္ဂိုလ်ကြီး၊ တစ်ဖန် ဥဒက ရာမပုတ္တ ဆိုတဲ့ ရသေ့ကြီးက ဈာန်ရှစ်ဆင့်ထိ
အောင် ပေါက်ပြီးသွားတယ်။ အဲဒီ ပုဂ္ဂိုလ်ကြီး နှစ်ဦးဟာ ဘုရားလောင်းရဲ့ ဆရာကြီးတွေပါ။
         ဒီ ရုပ်ခန္ဓာကိုယ်ကြီးရှိလို့ ခေါင်းကိုက်တာ၊ ဗိုက်နာတာတို့ ဆိုတာတွေ ဖြစ်နေတာ၊ အိပ်ရတာ၊
စားရတာတို့ ဆိုတာလည်း ဟောဒီ ရုပ်ခန္ဓာကိုယ်ကြီးကြောင့်ပဲ၊ ဒုက္ခမှန်သမျှ ဟောဒီ ရုပ်ခန္ဓာကိုယ်
ကြီးရှိနေလို့ ဖြစ်နေတာ၊ “စိတ်ကလေးချည့်ဆို ဘယ်လောက် ကောင်းမတုန်း” လို့ အဲဒီလို သွားတွေး
ပြီးတော့ “နောင် ဘ၀ ငါ့မှာ ရုပ်ခန္ဓာကြီး မရပါရစေနဲ့၊ စိတ်ကလေးပဲ ရပါရစေ” လို့ တောင့်တကြ
တယ်။ တောင့်တတဲ့အတိုင်း အရူပ ဗြဟ္မာ့ဘုံ သွားပြီးဖြစ်ကြပါတယ်။ ကမ္ဘာပေါင်းများစွာ ကြာတယ်။
ဒီ ပုဂ္ဂိုလ်တွေလည်း အဲဒီဘ၀မှာ ချမ်းချမ်းသာသာတော့ နေရပါရဲ့၊ မြတ်စွာဘုရား တရားဟောတာ
ကြားနာခွင့်မရှိတဲ့ အတွက် သံသရာဝဋ်က လွတ်ဖို့ဆိုတာမရှိ ဖြစ်နေရပါတယ်။ တရားနာယူမှတ်သား
ကျင့်ကြံပြီး ရလာမယ့် အခွင့်ကောင်းတွေ  လက်လွတ်ဆုံးရှုံးသွားရ ပါတယ်။ ဈာန်တရားအားထုတ်ရင်း
အတွေးလွဲချော်သွားတဲ့အတွက် ရုပ်ခန္ဓာကိုယ်ကြီး မပါတဲ့ ဗြဟ္မာ့ဘုံကို ရောက်သွားကြပါတယ်။ အင်မ
တန်မှ ကြောက်စရာကောင်းပါတယ်။ ။
 { ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌   အရှင်နန္ဒမာ
   လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
         ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment