Thursday, March 13, 2014

အင်းဝခေတ် ရှင်မဟာသီလ၀ံသ။

         မြန်မာစာပေနယ်မြေမှာ ပေလေးပင်၊ ရှင်လေးပါးအဖြစ် ဂုဏ်ပြုခေါ်ဆိုခြင်း ခံရတဲ့ စာဆို
ပုဂ္ဂိုလ်ကြီးလေးဦး အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီး လေးဦးကတော့ ရှင်ဥတ္တမ
ကျော်၊ ရှင်အုန်းညို၊ ရှင်ခေမာနဲ့ ရှင်မဟာသီလ၀ံသတို့ ဖြစ်ကြပါတယ်။

          အဲဒီ ရှင်လေးပါးထဲက ရှင်မဟာသီလ၀ံသဟာ ဂုဏ်ပြုထိုက်တဲ့ ဆရာတော်တစ်ပါးဖြစ်ပါ
တယ်။ ရှင်မဟာသီလ၀ံသရဲ့ ဇာတိက တောင်တွင်းကြီးဒေသ၊ မြို့လုလင်ရွာ ဇာတိဖြစ်ပါတယ်။
ငယ်နာမည်မှာ မောင်ညိုဖြစ်ပြီး ရှင်ဘွဲ့၊ ရဟန်းဘွဲ့အမည်က သီလ၀ံသဖြစ်ပါတယ်။
          မောင်ညိုဟာ ကျောင်းသားအရွယ် ငယ်စဉ်ကတည်းက ဉာဏ်ပညာထူးချွန်ပြီး ပျို့ကဗျာ
လင်္ကာများကို ရေးစပ်နိုင်တယ်လို့ သိရှိရပါတယ်။ ရဟန်းဘ၀ ရောက်တဲ့အခါ လူတိုင်းအတွက်
အရေးကြီးဆုံးအချက်ကို သိစေရန် ပါရမီတော်ခန်းပျို့ကို ရေးစပ်သီကုံးခဲ့ပါတယ်။ မြန်မာစာပေ
နယ်မှာ အကောင်းဆုံးသော ပျို့အဖြစ် စံထားခြင်း ခံရပါတယ်။
         အသက် (၄၀) အရွယ်တွင် မင်းနေပြည်တော်သို့ ရောက်ရှိပြီး ဒုတိယမင်းခေါင်နှင့် ရွှေနန်း
ကျော့ရှင် ဘုရင်နရပတိတို့ရဲ့ ကိုးကွယ်မှုကို ခံရပါတယ်။ ရဟန်း၊ ရှင်လူတို့အတွက် အကျိုးများ
စေရန် ဆုံးမစာ၊ မော်ကွန်း၊ ပျို့လင်္ကာ၊ ရာဇ၀င်နှင့် ၀တ္ထုများကို ရေးသားခဲ့ပါတယ်။ ဆရာတော်၏
စာပေများကို အင်းဝခေတ်က နန်းတော်သူ၊ နန်းတော်သားတို့ တစ်နေ့တစ်ကြိမ် တစ်ယောက်စီ
အလှည့်ကျ ဖတ်ကြားနာယူစေကြောင်း သိရပါတယ်။
         ဆရာတော်က မြန်မာစကားပြေတွင် အစောဆုံးသောပါရာယန၀တ္ထုနှင့် မြန်မာရာဇ၀င်တွင်
အစောဆုံးသော ရာဇ၀င်ကျော်များကို ရေးသား၍ စာပေမျက်လုံးကို ဖွင့်ပေးတော် မူခဲ့ပါတယ်။ ဒါ
ကြောင့် ကျေးဇူးကြီးလှတဲ့ ဓမ္မစာဆိုတော်ကြီး ရှင်မဟာသီလ၀ံသကို အတုယု လေးစားထိုက်ပါ
တယ်။ အင်းဝခေတ် ရှင်မဟာသီလ၀ံသ၏ သီလ၊ သမာဓိ၊ ပညာကို အစဉ်လေးစားကာ မိမိဘ၀ 
 မြင့်မြတ်   သထက် မြင့်မြတ်အောင် ကျင်ကြံအားထုတ်လျက်  ရည်မှန်းထားတဲ့  မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်ကြ ပါစေ   ကုန်သတည်း။
 {နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ-
   သာစည်) ၏ အခါတော်နေ့များ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment