မြတ်ဗုဒ္ဓဘုရားရှင်က ကာမ၀ိတတ်ကို ကြံစည်ရင် ငါဘုရားဉာဏ်ထဲမှာ ထင်ရှားလာတာက
(၁) မိမိလည်းဆင်းရဲမယ်၊ သူတပါးလည်းဆင်းရဲမယ်။ (၂) ပညာကို ဖျက်ဆီးပစ်တော့မယ်။(ပညာ
ဆိုတာက အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တာ) ကာ
မဂုဏ်အာရုံနဲ့ပတ်သက်ပြီး စဉ်းစားလာပြီဆိုရင် ပိုက်ဆံ ချမ်းသာချင်ရင် ပိုက်ဆံကို မရ ရအောင်
ရှာတော့မယ်။ ပိုက်ဆံကို လိမ်ညာပြီးလည်း ရှာမယ်။ ခိုးပြီးလည်း ရှာမယ်။ လုပြီးလည်း ရှာမယ်။
အကုသိုလ် ဖြစ်ပြီးလည်း ရှာမယ်။ ကုသိုလ်မရလည်း ရှာမယ်။
ကာမဂုဏ်အာရုံနဲ့ ပတ်သက်လာပြီဆိုရင် စဉ်းစားမိပြီဆိုတာနဲ့ မိမိလည်း ဆင်းရဲတော့မယ်။
သူတစ်ပါးလည်း ဆင်းရဲတော့မယ်။ အကောင်းအဆိုး ပိုင်းခြားနိုင်ခြင်းလည်း မရှိဘူး။ ပညာကို
ဖျက်ဆီးပစ်တော့မယ်။ အဲဒါ ကာမ၀ိတတ်ကြောင့် သူ့မှာ ပညာမရှိတော့ဘူး။ ကျောင်းဆရာ/မ
ကလည်း ကျောင်းဆရာ/မ ကျင့်ဝတ်ပျက်တယ်။ တရားသူကြီးကလည်း တရားသူကြီးကျင့်ဝတ်
ပျက်တယ်။ ဆရာဝန်ကလည်း ဆရာဝန်ကျင့်ဝတ်ပျက်တယ်။ သာသနာ့ဝန်ထမ်းတွေကလည်း သာ
သနာ့ကျင့်ဝတ်ပျက်တယ်။
နောက် မဂ်ဖိုလ်နိဗ္ဗာန် တားမြစ်တော့မယ်။ ပညာမရှိဘူးဆိုမှတော့ လွတ်မြောက်ခြင်း၊
စင်ကြယ်ခြင်းဆိုတာလည်း မရှိတော့ဘူး။ နိဗ္ဗာန်ဆိုတာ လွတ်မြောက်မှုလည်း မရှိတော့ဘူး။
စင်ကြယ်မှုလည်း မရှိတော့ မဂ်ဖိုလ်တားပြီဆိုတာနဲ့ လွတ်မြောက်ခြင်းကိုလည်း မရနိုင်တော့ဘူး။
ဘုရားက ဒီ သုံးချက် သွားတွေ့တယ်တဲ့။ ဘုရားရှင်က မေ့ပင်အောက် ရောက်သွားမယ့်သူတွေကို
သတိပေးတာ။ ဘုရားရှင်က ကာမ၀ိတတ်များ ၀င်လာရင် သတိထားဟေ့ တဲ့။
ထိုနည်းတူစွာ ဗျာပါဒ ၀ိတတ်ဆိုတဲ့ သူတစ်ဖက်သားအပေါ် သတ်ချင်ဖြတ်ချင်တဲ့စိတ်၊ နိုင်
ထက်စီးနင်း ပြောချင် ဆိုချင်တဲ့စိတ်များ ပေါ်လာရင်လည်း (၁) မိမိလည်း ဆင်းရဲမယ်၊ သူတစ်ပါး
လည်း ဆင်းရဲမယ်။ (၂) ပညာလည်း ပျောက်တော့မယ်။ (၃) မဂ်ဖိုလ်နိဗ္ဗာန်ကိုလည်း တားမြစ်
တော့မယ်။ ဗျာပါဒ၀ိတတ်ဆိုတဲ့ ဖျက်လိုဖျက်ဆီးစိတ်တွေ သူတစ်ပါးစည်းစိမ်ကို ဖျက်ဆီးချင်
တယ်။ သူတစ်ပါးအလုပ်ကို ဖျက်ဆီးချင်တယ်။ သူတစ်ပါးကို သတ်ချင်ဖြတ်ချင်တယ်။
သူတစ်ပါး ကြီးပွားနေတာကို မနာလိုဘူး။ သူများအကျိုးပျက်စီးအောင် ဗျာပါဒ၀ိတတ်များ
ဝင်လာရင် (၁) မိမိလည်း ဆင်းရဲမယ်။ သူတစ်ပါးလည်း ဆင်းရဲမယ်။ (၂) ပညာလည်း ဖျက်ဆီး
တော့မယ်။ (၃) မဂ်ဖိုလ်နိဗ္ဗာန်ကိုလည်း တားတော့မယ်။ စင်ကြယ်ခြင်းလည်း မရနိုင်တော့ဘူး။
လွတ်မြောက်ခြင်းလည်း မရနိုင်တော့ဘူး။
ဒါကြောင့် တရားချစ်ခင် သူတော်ကောင်းတို့ကလည်း မိစ္ဆာဝိတတ်၏ သဘောသဘာဝကို
သိရှိနားလည်ကြကာ ဘ၀မှာ ကောင်းသထက်ကောင်းအောင် ကျင့်ကြံနိုင်ကြပြီး မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ ကုန်သတည်း။
{ သာသနာတော်နှစ်၊ ၂၅၅၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊
နှစ်ဆန်း ၂ ရက်နေ့။ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊
မှော်ဘီမြို့နယ် ဖန်ခါးကုန်းကျေးရွာ၊ သုဒ္ဓ၀ိပဿနာကျောင်းတိုက်အတွင်း မဟာသင်္ကြန်အထူး
တရားစခန်း တရားပွဲ၌ ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ဟောကြားသောတရားတော်
မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment