ကုန်းဘောင်ခေတ်မှာ ထွန်းကားခဲ့တဲ့ စာဆိုတော်များအနက် ဓမ္မစာဆိုတော်ကြီး တစ်ဦး
ဖြစ်တဲ့ ဆရာတော် ဦးဗုဓ်၏ ဇာတိနေရပ်မှာ စစ်ကိုင်းတိုင်း၊ အလုံမြို့နယ်၊ ညောင်ကန်ရွာ ဇာတိ
ဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကြောင့် အင်းဝနှင့် အမရပူရနေပြည်တော်မှာ ဘုရင်အ
ကိုးကွယ်ခံ ရာဇဂုရု ဆရာတော်ကြီး ဖြစ်ခဲ့ပါတယ်။ ဘကြီးတော်နှင့် သာယာဝတီမင်း လက်ထက်
မှာ အထူးထင်ပေါ် ကျော်ကြားခဲ့ပါတယ်။
ရှင်ဘုရင်သော၊ မိဖုရားသော ဘယ်သူ့မျက်နှာကိုမှ မထောက်ထားဘဲ၊ ဘုရားမျက်နှာတစ်
ခုကိုသာ ထောက်ထားပြီး ပြောစရာရှိလျှင် ပြတ်ပြတ်သားသား ပြောဆိုလေ့ ရှိပါတယ်။ ဒါကြောင့်
ရဟန်းလောက လူ့လောက အားလုံးတို့က လေးစားကြည်ညိုကြပါတယ်။
ပါဠိ၊ နိဿယ၊ စကားပြေ၊ ကဗျာ၊ သတ်ပုံစာမျိုးစုံ ပြုစုသွားပါတယ်။ အမွှန်းဂါထာမျိုးစုံကို
လည်း ရေးသားခဲ့ပါတယ်။ နေ့ရောညပါ စာပေအာရုံ တစ်မျိုးကိုသာ စိတ်ဝင်စားပြီး နေလေ့ရှိပါ
တယ်။ ဆရာတော် ဦးဗုဓ် ပျံလွန်တော်မူတဲ့အခါ စာပေကို လက်မှာကိုင်ရင်း ၀ိညာဉ် ချုပ်သွားတယ်
လို့ သိရပါတယ်။ စာပေပညာမှာ အသိဆုံး၊ အတတ်ဆုံး၊ အတော်ဆုံးလို့ ခေါ်စမှတ်ပြုကြပါတယ်။
တရားချစ်ခင် သူတော်စင်တို့ကလည်း ဤမျှ လေးစားကြည်ညိုထိုက်တဲ့ ဆရာတော် ဦးဗုဓ်
ကို သဘောကျ အားကျကာ မိမိတို့လည်း ဘာသာ သာသနာအတွက် ဆောင်ရွက်ရင်း မြတ်နိဗ္ဗာန်
ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ-
သာစည်) ၏ အခါတော်နေ့များ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment