Sunday, March 16, 2014

အမြတ်ဆုံး ဖြစ်ရသောဒါန။

          ရှင်အဿဇိက ဖြန့်ဝေလိုက်တဲ့ ဒီဓမ္မဒါနကို ရရှိပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်သည် ထူး
ခြားတဲ့ အသိဉာဏ်ကိုရပါတယ်။ နောက်ဆုံးမှာ အဂ္ဂသာဝက ဉာဏ်တွေပါရပြီး သာသနာတော်မှာ
အင်မတန်မှ တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။

         ဒါနဆိုတာ ပေးသူအတွက် အကျိုးဖြစ်ထွန်းတာထက် ယူသူအတွက် အကျိုးဖြစ်ထွန်းတာကို
စံထားပြီး မြတ်စွာဘုရားက အဖြေထုတ်ပါတယ်။ ဘာ့ကြောင့် ဓမ္မဒါနက မြတ်သလဲလို့ မေးလိုက်လို့
ရှိရင် ဥပမာ--- ရှင်အဿဇိက ရှင်သာရိပုတ္တရာကို သင်္ကန်းတစ်စုံ လှူလိုက်မယ်ဆိုရင် ဒီသင်္ကန်းက
မဟောင်းခင်၊ မစုတ်ခင်လေးပဲ   ၀တ်လို့ရမှာပါ။   ဆွမ်းလှူလိုက်မယ်ဆိုရင်လည်းပဲ တစ်ရက်စာပဲ
ရမှာပါ။ ဆွမ်းရဲ့အကျိုးပြုမှုကလည်း ဒီလောက်ပဲ ရှိပါမယ်။ သင်္ကန်း အကျိုးပြုမှုကလည်း ဒီလောက်
ပဲ ရှိပါတယ်။ အဆောက်အဦး လှူလိုက်မယ်  ဆိုရင်လည်း အဆောက်အဦးရဲ့ အကျိုးပြုမှုက   ဒီ
လောက်ပဲ ရှိပါမယ်။
        ဓမ္မဒါနကြောင့် ဓမ္မကိုရသွားတဲ့အခါ အကျိုးပြုတာကျတော့ သံသရာဝဋ်ကလည်း လွတ်သွား
ပါတယ်၊ အသိဉာဏ်တွေလည်း ရသွားပါတယ်၊ နိဗ္ဗာန်ထိအောင်လည်း ရောက်သွားတယ်ဆိုတော့
ဓမ္မကို လှူတာကအ4 များပါတယ်၊ ဒါ့ကြောင့်မို့ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ လို့ ဒီလိုပြောတာပါတယ်။
အဲဒီတော့ လှူသူနဲ့ယူသူ၊ ပေးသူနှင့်ရသူ အဲဒီနှစ်မျိုးထဲက ရသူမှာ ပိုပြီးတော့ အကျိုးဖြစ်ထွန်းသည့်
အတွက်ကြောင့် ဓမ္မဒါနက ပိုမြတ်တယ်လို့ ပြောတာဖြစ်ပါတယ်။
         ဆိုပါစို့ - ဘုန်းကြီးတစ်ပါးကို ကျောင်းကြီးဆောက် လှူလိုက်မယ်ဆိုရင် ဒီဘုန်းကြီးကတော့
ကျောင်းပေါ်မှာ ချမ်းချမ်းသာသာ နေရပါမယ်၊ ကျောင်းရတာကို အကြောင်းပြုပြီး တိုက်ရိုက် နိဗ္ဗာန်
မဂ်ဖိုလ် မရနိုင်ပါ။ အဲဒီဘုန်းကြီးကို တရားပြလို့၊ ဓမ္မဒါန အလှူလှူလိုက်လို့ အဲဒီဘုန်းကြီး တရားသိ
သွားလို့ရှိရင် သံသရာဝဋ်က လွတ်သွားတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဓမ္မဒါနကအမြတ်
ဆုံးဒါန ဖြစ်ပါတယ်။
 ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ဓမ္မမိတ်ဆွေ အပေါင်းတို့ဟာလည်း အလှူဒါနများ
စွာ ရှိကြတဲ့အထဲ “ ဓမ္မဒါန”  တရား၊ အသိပညာ အလှူက အမြတ်ဆုံး၊ အသာဆုံး ဟု နားလည်
သဘောပေါက်ကြပြီး နိဗ္ဗာန်ချမ်းသာကို မျှော်မှန်းလျက် ကျင့်ကြံကြိုးကုတ် အားထုတ်တော်
မူနိုင်ကြပါစေ ကုန်သတည်း။ ။
 {ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်နေ့ မန္တလေးမြို့၊ မဟာအောင်
မြေမြို့နယ်၌ ဒေါက်တာ အရှင်နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော
 “ ၁၂  နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment