သရဏဂုံဆိုတာ “သရဏဂမန” ဟူသော ပါဠိပုဒ်မှ ဂမနကို ဂုံသို့ပြောင်း၍ “သရဏဂုံဟု
မြန်မာမှု ပြုထားခြင်း ဖြစ်၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်လဲလျောင်း ပုန်း
အောင်းမှီခိုရာဟူ၍ မှီဝဲဆည်းကပ် သိမှတ်ခြင်းသည် သရဏဂုံ ဆောက်တည်ခြင်း ဖြစ်၏။
လောကီသရဏဂုံဟာ ပျက်နိုင်၊ ညစ်နွမ်းနိုင်တဲ့သဘော ရှိပါတယ်။ ပုထုဇဉ်တွေ ဆောက်
တည်တဲ့ သရဏဂုံဟာ လောကီသရဏဂုံ ဖြစ်ပါတယ်။ ပျက်နိုင်၊ ညစ်နွမ်းနိုင်တာကြောင့် စိတ်မချ
ရတဲ့ အခြေအနေပါ။
ဘုရားရှိခိုးတိုင်း၊ သီလခံယူတိုင်း၊ သရဏဂုံပါ ခံယူခြင်းဟာ တကယ်လို့ ပျက်သွားရင်လည်း
အသစ်ယူပြီးဖြစ်အောင်၊ ညိုးနွမ်းနေရင်လည်း သန့်ရှင်းစင်ကြယ်သွားအောင်၊ မပျက်၊ မညိုး ပင်ကို
အတိုင်း ရှိနေခဲ့ရင်လည်း “မြဲရာသံပတ်” ဆိုတဲ့စကားအတိုင်း ပင်ကိုမြဲနေတဲ့ သရဏဂုံကို ပိုပြီး ခိုင်မြဲအောင် လုပ်တဲ့သဘော ဖြစ်ပါတယ်။
နောက်တစ်ခုက- ဘယ်အရာမှာပဲဖြစ်ဖြစ် အလေ့အကျင့်များခြင်းဟာ အလုပ်လုပ်တဲ့အခါ
ပိုပြီးလွယ်ကူ မြန်ဆန်မှု ရှိတတ်ပါတယ်။ တစ်ကြိမ်တစ်ခါ သရဏဂုံ ခံယူထားတာနှင့် ပျက်မသွား
ညိုးမသွားအောင် ထိန်းသိမ်းနိုင်တယ်ထားဦးတော့ - ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ သားရေး
သမီးရေး စတဲ့ အရေးပေါင်းများစွာ ပတ်လည်ဝိုင်းနေတဲ့ လူ့လောကမှာ သရဏဂုံကို မေ့လျော့နေ
တတ်ကြပါတယ်။
ဒီတော့ ဘုရားဝတ်တက်တိုင်း၊ သီလခံယူတိုင်း၊ သရဏဂုံခံယူခြင်းဟာ ဘုရားဂုဏ်တော်၊
တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကို အာရုံပြုပြီးဖြစ်တာမို့ စိတ်ထဲမှာ အလေ့အကျင့်တစ်ခု
အထုံတစ်ခု ဖြစ်လာပါတယ်။ ဒီလို အထုံရနေမှုဟာ သွားလာရင်း၊ ရောင်းဝယ်ရင်း၊ အလုပ်လုပ်
ကိုင်ရင်း ဘုရား၊ တရား၊ သံဃာ့ဂုဏ်တော်တွေကို အလွယ်တကူ အာရုံပြုနိုင်ဖို့ အထောက်အပံ့ ဖြစ်
စေပါတယ်။ ဒါဟာ လောကအလယ်မှာ ဣနြေ္ဒရရ သိက္ခာရှိရှိ နေထိုင်နိုင်တဲ့ အလေ့အကျင့်ကောင်း
ဖြစ်ပါတယ်။
တကယ်လို့ ကွယ်လွန်ခါနီးမှာ လောဘအာရုံ၊ ဒေါသအာရုံ စတဲ့ မကောင်းတဲ့အာရုံတွေနှင့်
ကြုံတွေ့ရရင်လည်း ဒီအာရုံတွေကို အလွယ်တကူကျော်လွှားပြီး သရဏဂုံအာရုံနှင့် ဘ၀ကူးနိုင်ဖို့
အထောက်အပံ့ဖြစ်စေပါတယ်။
တရားချစ်ခင် သူတော်ကောင်းအပေါင်းတို့ကလည်း ဒီလို မွန်မြတ်တဲ့ ရည်ရွယ်ချက်တွေနှင့် ဘုရားရှိခိုးတိုင်း၊ သီလခံယူတိုင်း၊ သရဏဂုံကိုပါ ခံယူဆောက်တည်တဲ့ အလေ့အကျင့်ကို ကျင့်သုံး
နိုင်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး
အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment