Tuesday, April 1, 2014

သုန္ဒရီ သတ်မှုနဲ့ ဘုရားရဲ့ ကံကြမ္မာဝဋ်ကြွေး။

       မြတ်စွာဘုရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက အလွန်များတယ်။ ရဟန်းတွေကို ကြည်ညို
တဲ့ ပုဂ္ဂိုလ်တွေကလည်း အင်မတန်များတယ်။ လူတွေက ဘုရားကျောင်းတော်ကို သွားကြလာကြ
လှူကြတန်းကြဆိုတော့ တစ်ဖက်ဘာသာခြားဖြစ်တဲ့ ပရဗိုဇ်တွေကို ကြည်ညိုသူ၊ မေးမယ့်သူ၊

သွားလာမယ့်သူ မရှိသလောက် နည်းပါးတယ်ဆိုတော့ မနာလိုမှုတွေ ဖြစ်လာတာပေါ့။
         ပရဗိုဇ်တွေက မနာလိုဖြစ်လာတဲ့အခါကျတော့ လုပ်ကြံစွပ်စွဲမှုကြီးတစ်ခု ဖန်တီးကြတယ်။
“သုန္ဒရီ” ဆိုတဲ့ ပရဗိုဇ်မလေးက ရုပ်အဆင်း အင်မတန်မှ ချောမော လှပတယ်။  ငယ်လည်းငယ်  
တယ်။ အဲတော့ စွပ်စွဲဖို့ရာအတွက် သူ့ကို အသုံးပြုကြတယ်။
         သူက နေ့စဉ်နေ့စဉ် ဘုရားကျောင်းတော်က ဒကာ၊ ဒကာမတွေ တရားနာပြီး အပြန်မှာ
သူက ကျောင်းတော်ဘက်ကို သွားတယ်။ လူတွေက..“သုန္ဒရီ ဘယ်သွားတာတုန်း” မေးရင်၊ သုန္ဒ
ရီက.. “ဇေတ၀န်ကျောင်းကို သွားမလို့” ဖြေတယ်။ အဲဒီ အပြောလေးနဲ့ သူက ညနေ နေ၀င်ချိန်
ဆိုရင် ဇေတ၀န်ကျောင်းဘက်ကို သွားတယ်။ သို့သော် ဇေတ၀န်ကျောင်းနား ရောက်တဲ့အခါကျ
တော့ ကျောင်းထဲ မ၀င်ဘူး။ လှည့်ပတ်ပြီးတော့ တခြားလမ်းကနေ ထွက်သွားတယ်။ (လူတွေ
သံသယဖြစ်အောင် လုပ်တဲ့သဘောပါ။)
         ဒီလို အများသိလာအောင် ညနေတိုင်း ညနေတိုင်း ဇေတ၀န်ကျောင်း သွားတယ်။ ဇေတ
ဝန်ကျောင်းကို သွားတယ်ဆိုတာ ပတ်ဝန်းကျင်ကပြောဆိုလာတဲ့ အချိန်လေးမှာ “သုန္ဒရီ”ကို လူ
သတ်သမားငှားပြီးတော့ သတ်ပစ်လိုက်တယ်။ သတ်ပြီး “သုန္ဒရီ”ရဲ့ အလောင်းကို ဇေတ၀န်
ကျောင်းဝင်းထဲမှာ သွားပြီးပစ်ထားတယ်။ “သုန္ဒရီ” အလောင်းက ဇေတ၀န်ကျောင်းထဲ အမှိုက်ပုံ
ထဲမှာ တွေ့တယ်။ အဲဒီလို တွေ့တဲ့အခါ “သြော် ရဟန်းဂေါတမနဲ့ သူ့တပည့်တွေက သုန္ဒရီလေး ကို မတရားပြုကျင့်ပြီး လူသတ်မှုထိအောင် ကျူးလွန်ကြတယ်” ဆိုပြီးတော့ မြို့ထဲမှာ လိုက်ကြေ
ငြာကြတယ်။ဒီလိုဖြစ်နေတော့ များသောအားဖြင့် လူဆိုတာက အသိဉာဏ်မရှိတဲ့လူကများတယ်။
         ဒီတော့ အို ဂေါတမဘုရားနဲ့ တပည့်တွေ တော်တော်ဆိုးတာပဲ။ သုန္ဒရီကို မတော်မတရား
လုပ်ပြီး သတ်ဖြတ်မှု ကျူးလွန်သတဲ့ဆိုပြီး ဒီလို အုတ်အော်သောင်းနင်း ဖြစ်နေတဲ့အချိန်မှာ ရဟန်းသံဃာတွေ မြို့ထဲရွာထဲ ဆွမ်းခံသွားတယ်ဆိုလို့ရှိရင် ဆဲကြတယ်။ မဟုတ်တာတွေ ပြော
ကြတယ်ဆိုတော့ ရဟန်းသံဃာတွေ မျက်နှာမလှဘူး၊ မြို့ထဲကို မသွားရဲအောင် ဖြစ်လာတယ် အ
ထိ အခြေအနေက ဆိုးလာတယ်။
         နောက်ကျတော့ သူတို့လုပ်တဲ့ လုပ်ရပ်ဟာ ပေါ်လာတယ်။ ငှားပြီးတော့သတ်တဲ့ လူသတ်
သမားတွေက အရက်သမားတွေဆိုတော့ သူတို့က အရက်သောက်ရင်း “ ထန်းရည်မူးတော့ ကျွဲခိုး
ပေါ်” ဆိုတာလို သူတို့သတ်တယ်ဆိုတာ ပေါ်လာတယ်။ ပရဗိုဇ်တွေက သတ်ခိုင်းတာဆိုပြီး သူတို့
ရဲ့ လုပ်ရပ်ကြီးဟာ အဲဒီမှာ ပြန်ပေါ်သွားတယ်။
         မြတ်စွာဘုရားဟာ အခုလို စွပ်စွဲခံရတာဟာ “မုနာလိ” ဆိုတဲ့ လူဆိုးဘ၀တုန်းက ပစ္စေက
ဗုဒ္ဓတစ်ပါးကို စွပ်စွဲခဲ့တဲ့ ပြစ်မှုရဲ့ ကံကြမ္မာဝဋ်ကြွေးကို အခုဘုရားဘ၀မှာ ပေးဆပ်ရတာပါ။
           အဲဒါကြောင့် မကောင်းတာတွေ မလုပ်မိအောင် တို့တတွေ သတိကြီးစွာထားပြီး ရှောင်
ကြရမယ်လို့ သိရှိ သဘောပေါက်ပြီး ကံကြမ္မာဝဋ်ကြွေးတွေ မိမိသန္တာန်မှာ မတင်ရအောင် ကျင့်
ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေ ကုန်သတည်း။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀
ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ အိမ်တော်
   ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd) ဟောကြားသော
ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ တရားတော်မှကောက်နုတ်ရေးသား
ပူဇော်ပါသည်}
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment