“အမာတာ ပုတ္တိကဘေး”
==============
စင်စစ်ဆိုသော်၊ ၀ါရွက်ရော်သို့
ရင့်ရော်ကြွေလု၊ အိုမင်းမှုနှင့်
နာမှုသေရေး၊ ဤသုံးဘေးသာ
ဖြစ်ပေါ်လာသော်၊ မာတာမိခင်
သားရွှေစင်ကို၊ ကယ်တင်မရ
ချစ်သားလှလည်း၊ မိဘကိုပင်
မကယ်တင်နိုင်၊ သောကလှိုင်၍
သည်းဆိုင်ပြတ်မျှ၊ ဆင်းရဲရဟု
ဗုဒ္ဓမြတ်စွာ မိန့်သတည်း။ ။
------------------------------------
“ဘေးကြီးများမှ လွတ်ကြောင်းအကျင့်”
=======================
မီးဘေးရေဘေး၊ သူပုန်ဘေးနှင့်
အိုဘေးနာသေ၊ လွတ်လိုလေလျှင်
မြတ်ကျင့်စဉ်ကား၊ မဂ္ဂင်ရှစ်ပါး
အစဉ်ပွားဟု၊ ဘုရားမြတ်စွာ မိန့်သတည်း။ ။
(အံ့ ၁၊ ၁၇၉-၁၈၀)
{၁၉၈၃ ခု အောက်တိုဘာလ။ ချမ်းမြေ့ဆရာတော် အရှင် ဦးဇနကာဘိဝံသ၏
ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment