Tuesday, July 8, 2014

ရှင်ပုဏ္ဏ ဟောကြားသော သညာကို ရှုမြင်ပုံတရားတော်။

       လူတွေမှာ အာရုံတစ်ခုကိုမှတ်ပြီး သိတတ်တဲ့ မှတ်သိ ဆိုတာလေးရှိတယ်။ သညာပေါ့။
အဲဒီ အမှတ်သညာနဲ့ ပတ်သက်လာလို့ ရှိရင်လည်း လူတွေကပြောတယ်။ အေး၊ မှတ်ဉာဏ်
ကောင်းလိုက်တာ၊ မှတ်ဉာဏ်မကောင်းဘူး၊ မှတ်မိတယ်၊ မမှတ်မိဘူးနဲ့ ပြောကြတယ်။ မှတ်

တယ်ဆိုတဲ့ သညာတရားလေးဟာ လူတွေရဲ့ သန္တာန်မှာ အခု ဖြစ်ပြီးတော့ အခု ပျက်သွားတဲ့
သဘာဝတရားမျိုးသာ ဖြစ်သည့်အတွက်ကြောင့် နိစ္စလား၊ အနိစ္စလားလို့ဆိုရင် မမြဲတဲ့ အနိစ္စ
သာ ဖြစ်ပါတယ်။ အဲဒီ မမြဲတဲ့ အနိစ္စသဘောတရား ဖြစ်တဲ့ သညာဟာ သုခလား ဒုက္ခလားလို့
ဆိုတော့- ဒုက္ခပါပဲ။ မမြဲရင် ဒုက္ခပါပဲ။ မမြဲတဲ့ ပြောင်းလဲတတ်တဲ့ သဘာဝတရားကို “ငါ” လို့
ပြောလို့ မသင့်တော်ပါ။
         ဒါကြောင့်မို့ “ငါ”မဟုတ်ပါ၊ “ငါ့ဟာ”မဟုတ်ပါ-လို့-ဆိုတဲ့ မှန်ကန်တဲ့ အသိဉာဏ်နဲ့
ရှုမှတ်ဆင်ခြင်ရပါမယ်။ အဲဒီလို ရှုမှတ်ဆင်ခြင်လိုက်တဲ့အခါမှာ သညာ ဆိုတဲ့ မှတ်သိစိတ်
ပေါ်မှာ “ငါ၊ ငါ့ဟာ” ဆိုတဲ့ အတွေးတွေ မလာလို့ တွယ်တာမှုမရှိတာ့ပါ။ သာယာဖွယ်ဆိုတာ
ရှာမတွေ့တော့ပါ၊ ငြီးငွေ့လာပါတယ်။
  တို့တတွေရဲ့ မှတ်တယ်ဆိုတဲ့ သညာတရားလေးဟာ လူတွေရဲ့ သန္တာန်မှာ အခု ဖြစ်ပြီးတော့
အခု ပျက်သွားတဲ့ သဘာဝတရားမျိုးသာ ဖြစ်သည့်အတွက်ကြောင့် အဲဒီ အမှတ်သညာကလည်း
အမြဲတမ်း ပြောင်းလဲပြီးတော့ နေတာပါ။ အဲဒီလို ထာဝရ ပြောင်းလဲနေတဲ့  အဲဒီ အမှတ်သညာ
ဟာ မမြဲတဲ့ အနိစ္စသာ ဖြစ်ပါတယ်။ အဲဒီ မမြဲတဲ့ အနိစ္စသဘောတရား ဖြစ်တဲ့ သညာဟာ သုခ
လား ဒုက္ခလားလို့ ဆိုတော့- ဒုက္ခပါပဲ။ မမြဲရင် ဒုက္ခပါပဲ။ မမြဲတဲ့ ပြောင်းလဲတတ်တဲ့ သဘာဝတ
ရားကို “ငါ” လို့ပြောလို့ မသင့်တော်ပါ။  အဲဒီလို သိလိုက်တာနဲ့၊ မှန်ကန်တဲ့ ဉာဏ်အမြင်နဲ့ ဆင်
ခြင်စဉ်းစားလိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်တရားပေါ်မှာ ငြီးငွေ့မှုဆိုတာ ဖြစ်ပေါ်လာပါတယ်။
ငြီးငွေ့တယ်ဆိုတာ သာယာမှုကို ရှာမတွေ့တာကိုခေါ်တာပါ။ ပျော်စရာတို့၊ နှစ်သက်စရာတို့၊
ကျေနပ်စရာတို့ဆိုတာ မရှိတော့ပါ။
         ဒါကြောင့် မိမိတို့လည်း ၀ိပဿနာတရား အားထုတ်လို့ရှိရင် ဒီရှုမှတ်ဖွယ်ရာ အာရုံတွေနဲ့ပဲ
တရားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့
တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။
 { ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊  ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment