Wednesday, July 9, 2014

မိလိန္ဒမင်းကြီး၏ စိတ်ကိုပြုပြင်ပုံ ပြုပြင်နည်း။

         မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန်တို့ အမေး၊ အဖြေအကြောင်း ဗုဒ္ဓဘာသာဝင် အတော်များများ
သိရှိကြပါမည်။ သို့သော် သူတို့အကြောင်း သိရပြီး မှတ်သားစရာကို အသိပေးချင်ပါသည်။ မိလိန္ဒမင်း
ကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ အထိုက်အလျောက် မေးပြီးနောက် သာသနာတော်ဝယ်

လွန်စွာအရေးကြီးသော ပြဿနာတို့ကို မေးဖို့ရန် အကြံဖြစ်လာသောအခါ ထိုပြဿနာများကို မမေး
သေးဘဲ ခုနှစ်ရက်ပတ်လုံး မိမိစိတ်ကို သမာဓိရအောင် ထိန်းသိမ်းစောင့်စည်းနေပုံမှာ သူတော်ကောင်း
တို့ အတုယူစရာ ကောင်းလှပါသည်။
         မိလိန္ဒမင်းကြီး စောင့်စည်းပုံမှာ= နံနက်စောစော အိပ်ရာထပြီးလျှင်   ကိုယ်လက်စင်ကြည်
အောင် ရေချိုး၍ ၀တ်ရိုးဝတ်စဉ် အ၀တ်တန်ဆာများကို မ၀တ်တော့ဘဲ ဖန်ရည်ဆိုးသော အ၀တ်ဝါကို
ဝတ်ဆင်ကာ ဦးခေါင်းလည်း ခေါင်းတုံးအသွင် မှတ်ထင်လောက်အောင် ခေါင်းစွပ်လျက် ( ရဟန်းမ
ဟုတ်သော်လည်း) ရဟန်းအသွင်နီးပါး ၀တ်ဆင်ပြီးနောက် ရှစ်ပါးသော အချက်များကို ခုနှစ်ရက်ပတ်
လုံး မပျက်ပြားအောင် စိတ်၌စွဲမြဲစွာ ဆောက်တည်လေသည်။ ထုရှစ်ပါးကား==
၁။ ခုနှစ်ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
၂။ ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၃။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၎။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၅။ ကျေးတော် ကျွန်တော်၊ အလုပ်သမား၊ အမှုတော်ထမ်းများ အပေါ်၌သော်လည်းကောင်း စိတ်ကိုနှိမ့်
    ချ၍ မာန်မာန မဖြစ်အောင် စောင့်စည်းမည်။
၆။ ကိုယ်မှု၊ နုတ်မှုများ ထူးခြားစွာ စောင့်စည်းမည်။
၇။ မြင်ရ၊ ကြားရ၊ တွေ့ရ၊ သိရသမျှသော အာရုံများအတွက် အကုသိုလ်မဖြစ်အောင် မျက်စိ၊  နားစ
သော ဣနြေ္ဒများကို စောင့်စည်းမည်။
၈။ သတ္တ၀ါအားလုံးတို့ အပေါ်မှာ မေတ္တာစိတ်ထားမည်။
           ဤ ရှစ်ပါးသောအချက်ကို ခုနှစ်ရက်လုံး စောင့်သုံးလျက် ရှစ်ရက်မြောက်နေ့၏ နံနက်အခါ
ဝယ် နံနက်စာ စောစောစား၍ ဣနြေ္ဒကြီးမားလှသော ရဟန်းတော်ကဲ့သို့ စက္ခုနြေ္ဒချပြီးလျှင် စကား
ပြော ဆင်ခြင်ကာ အရှင်နာဂသိန်အထံသို့ ကြည်လင်ရွှင်ပျ အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်
လျက် လေးနက်စွာသော ပြဿနာများကို မေးလျှောက်လေသည်။
         ဤသို့ မိလိန္ဒမင်းကြီး၏ ခုနှစ်ရက်လုံးလုံး စိတ်ပြုပြင်ပုံကို အတုယူလျက် မိမိတို့ကလည်း မိမိတို့
နေအိမ်မှာပင် တစ်နေ့၊ တစ်ရက်၊ တစ်နံနက် စသည်ဖြင့် ရက်ပိုင်းခြား၍ မိမိသန္တာ၌ ဖြစ်လေ့ရှိသော
အကုသိုလ်စိတ်များ မဖြစ်ရလေအောင် မကြာမကြာ အထူးစောင့်စည်း သင့်ပေသည်။ ဤသို့ စောင့်
စည်းဖန်များလာလျှင် အကုသိုလ်စိတ် အထူးနည်းပါးသော သူတော်စင် အဖြစ်သို့ တက်ရောက်၍ သဒ္ဒါ
ထူး၊ ပညာထူး ပေါ်ပေါက်လာပါလိမ့်မည်။ နဂိုဖြစ်တတ်သော အကုသိုလ်စိတ်များလည်း လျော့နည်း
သွားပါလိမ့်မည်။ သူတော်ကောင်းတို့ကလည်း ကျင့်ကြံနိုင်ကြသဖြင့် မြတ်နိဗ္ဗာန်ကို ရရောက်နိုင်တဲ့
သူတော်စင် သူတော်မြတ်တွေ ဖြစ်ကြပါစေ ကုန်သတည်း။
  { ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့် အဘိဓမ္မာကို
     ကိုးကား ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment