“တရားအသိ မရှိသူ”
============
တရားအသိ၊ ဉာဏ်မရှိ၍၊
မပြည့်ဝရှာ၊ ထိုသူမှာကား၊
အိုနာသေရေး၊ ကုန်ပျက်ဘေးနှင့်၊
မပြေးရှောင်သာ၊ ကြုံတွေ့လာသော်၊
“ငါသာမက၊ များသတ္တလည်း၊
ဒုက္ခဤနည်း၊ တွေ့သည်ချည်းရှင့်၊
ငါတည်းပူဆွေး၊ ရှိုက်ငိုကြွေးက၊
မအေးရင်ထဲ၊ ပူလောင်ကဲ၍၊
အိပ်လဲမပျော်၊ စားသော်မ၀င်၊
ရုပ်သွင်ညိုးလျက်၊ လုပ်ခွင်ပျက်၍၊
နှစ်သက်သသူ၊ စိတ်ညိုးပူလျက်၊
မုန်းသူဝမ်းသာ၊ ဖြစ်လိမ့်မှာ” ဟု၊
ပညာနှင့်ယှဉ်၊ မဆင်ခြင်ဘဲ၊
ပူပင်ပြင်းပြ၊ ညှိုးချုံးကျလျက်၊
သောကဆိပ်လူး၊ မြှားဝင်စူးသည်၊
လိမ့်လူးပူလောင်၊ ပြင်းပြင်းတည်း။ ။
{၁၉၈၃ ခု အောက်တိုဘာလ။ ချမ်းမြေ့ဆရာတော် အရှင် ဦးဇနကာဘိဝံသ၏
ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment