Thursday, July 24, 2014

မိဘကို လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်နည်း။

၁။ သဒ္ဓါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဓါတရားရှိလာအောင်။
၂။ သီလ မဆောက်တည်ဖြစ်တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင်။
၃။ ဒါန မပြုဖြစ်တဲ့ မိဘတွေ ဒါနပြုဖြစ်လာအောင်။

၎။ တရား အားမထုတ်ဖြစ်သေးတဲ့ မိဘတွေ တရားအားထုတ် ဖြစ်လာအောင် ပရိယာယ်နဲ့ပဲ
    ဖြစ်ဖြစ်၊ တိုက်ရိုက်ပဲဖြစ်ဖြစ်၊ ဖန်တီးစီစဉ်ပေးရပါမယ်။ မိဘကို နည်းမျိုးစုံနဲ့ ကျေးဇူးဆပ်
    နေတဲ့ သားသမီးကို မင်္ဂလာတရားက သူရဲ့ကြောင်းကျိုးအားလျော်စွာ ကျေးဇူးပြုသွားပါ
    မှာပါ။
         တကယ်လို့ ဘ၀မှာ အခက်အခဲတစ်စုံတစ်ရာ ကြုံခဲ့ရင်တောင်မှ ကိုယ်ပြုခဲ့တဲ့ မာတာ
    ပိတု ဥပဌာန မင်္ဂလာကို သစ္စာဆိုပြီး ဖြေရှင်းပစ်လို့ ရပါတယ်။ ။
{ရဝေနွယ်(အင်းမ)၏ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲမှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment