Tuesday, July 22, 2014

တိပိဋကဓရဆရာတော် ဦးဝိစိတ္တသာရ။

         ဓမ္မစာဆိုတော်ကြီးများအနက် ကျေးဇူးများတဲ့ ပုဂ္ဂိုလ်ကတော့ တိပိဋကဓရဘွဲ့ရ ဆရာ
တော် ဦးဝိစိတ္တသာရ အရှင်မြတ် ဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာနဲ့ ဇွဲလုံလ
တို့မှာ အံ့သြချီးကျူးလို့ မကုန်အောင် များပြားလှပါတယ်။ အရေး၊ အဟော၊ အကျင့် သူမတူအောင်
စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပါတယ်။

          ဗုဒ္ဓဘာသာမှာ အမြင့်ဆုံးစာမေးပွဲဖြစ်တဲ့ ပိဋကတ်သုံးပုံ စာမေးပွဲကို ဖြေဆို အောင်မြင်
တော်မူတဲ့အတွက် တိပိဋကဓရဘွဲ့ ချီးမြင့်ခံရတဲ့ ပုဂ္ဂိုလ်ထူးကြီးလည်း ဖြစ်ပါတယ်။ တိပိဋကဓရ
ဘွဲ့ရအောင် - (၁) ။ ၀ိနည်းပိဋကတ် စာမျက်နှာ     ၂၂၆၀ -မျက်နှာ။
                 (၂) ။ သုတ္တန်ပိဋကတ် စာမျက်နှာ       ၇၇၉ -မျက်နှာ။
                 (၃) ။ အဘိဓမ္မာပိဋကတ် စာမျက်နှာ  ၄၉၈၈ -မျက်နှာ။
                                    စာမျက်နှာစုစုပေါင်း  ၈၀၂၇ -မျက်နှာ။ ကို သဘောရေးဖြေနှင့်
တကွ နှုတ်ရအာဂုံ ပြန်ဆိုနိုင်ရပါတယ်။ လူတိုင်း အားကျစရာကောင်းပါတယ်။
          ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုရားနှင့်စပ်သမျှ သိသင့်သိထိုက်တာတွေ မကျန်ရအောင်
စာမျက်နှာပေါင်း ၅၅၁၆ -မျက်နှာ ရှိတဲ့ မဟာဗုဒ္ဓ၀င် ကျမ်းကြီးကိုလည်း အပင်ပန်းခံ ပြုစုတော်မူ
ခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ပူဇော်သောအားဖြင့် နိုင်ငံ
တော် အစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့နှင့် အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်များကို ဆပ်ကပ်
ထားပါတယ်။
          နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးမှ အကျိုးတော်ဆောင်ချုပ် ဆရာတော်အဖြစ်
တာဝန်ယူပြီး သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ကိစ္စတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ မန္တ
လေးနှင့် ရန်ကုန်တို့မှာ ဆရာတော်ကြီးရဲ့ ကြိုးပမ်းစွမ်းဆောင်မှုဖြင့် နိုင်ငံတော် ပရိယတ္တိတက္က
သိုလ်ကြီး (၂) ခုကို တစ်ပြိုင်နက် အကောင်အထည်ဖေါ်ခဲ့ပါတယ်။
          ဆရာတော်ကြီးဟာ ၁၃၅၄ -ခုနှစ်၊ တပို့တွဲလဆုတ် (၃) ရက်၊ ၁၉၉၃ -ခုနှစ်၊ ဖေဖေါ်ဝါရီ
လ (၉) ရက်၊ အင်္ဂါနေ့ တွင် ပျံလွန်တော်မူပါတယ်။ ၁၃၅၄ -ခုနှစ်၊ တပေါင်းလဆုတ် (၁၁) ရက်၊
၁၉၉၃ -ခုနှစ်၊  မတ်လ (၁၈) ရက်၊ ကြာသပတေးနေ့ တွင်  မင်းကွန်းပုထိုးတော်အား   ဦးခိုက်၍
မီးသင်္ဂြိုဟ်ပါတယ်။
         တိပိဋကဓရ ဆရာတော်ဦးဝိစိတ္တသာရ ပျံလွန်တော်မူသည်မှာ နှစ် (၂၀) ရှိသွားပြီ ဖြစ်
သော်လည်း ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများအတွက် ကျေးဇူးကြီးမားတော် မူပါတယ်။ ဒါကြောင့် 
လယ်တီဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိ၊ ပညာကိုအစဉ်လေးစားကာ မိမိဘ၀   မြင့်မြတ်  
သထက် မြင့်မြတ်အောင် ကျင်ကြံအားထုတ်လျက် ရည်မှန်းထားတဲ့ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြ
ပါစေ   ကုန်သတည်း။
 {နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ-
   သာစည်) ၏ အခါတော်နေ့များ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment