(မေး) ( ခင်မိုးဝေ-ချောင်းဆုံ (တ)၊ တန်ဆည်မြို့နယ် )
ဆရာတော်ဘုရား၊ သဘင်သည်၊ ဈေးသည်များသည် ငရဲ (သို့) ပြိတ္တာဘ၀သို့
ရောက်ကြသည်-ဟု ကြားဖူးပါသည်။ သဘင်သည် ဈေးသည်တိုင်း ငရဲသို့ ကျရောက်ပါသ
လားဘုရား၊ ထိုဘ၀များသို့ မကျရောက်ရအောင် မည်ကဲ့သို့ ပြုလုပ်ရမည်ကို သနားသဖြင့်
ဖြေကြားပေးပါဘုရား။
( ဖြေ ) ( "ဆရာတော် ရဝေထွန်း(အရှင်တိလောကသာရ)" ၏အဖြေ )
ပွဲကြည်သူများ ရာဂတရား ပွားသည်ထက်ပွားအောင် နှိုးဆွတတ်သော သဘင်သည်များ
ပဟာသငရဲ၌ ကျရောက်တတ်ကြောင်း ဆိုပါသည်။
ထိုကဲ့သို့ မဟုတ်ဘဲ လူအများ ပညာဗဟုသုတ တိုးပွား၍ ကုသိုလ်တရား၌ ပွားများစေရန်
ပြုသော သဘင်သည်များဆိုလျှင် တမျိုးဖြစ်နိုင်ပါသည်၊
ဈေးသည်များမှာ တောင်းစဉ်းလဲ၊ ချိန်စဉ်းလဲ အမြဲနိစ္စ မုသာဝါဒဗန်းတင်၍ မစင်မကြယ်
ရောင်းဝယ်ဖောက်ကား နေသူများအဖို့ ငရဲ ပြိတ္တာ ဘ၀တို့သို့ ရောက်ရန် လမ်းကြောင်း
ဖြောင့်တန်းနေပါသည်၊ ဈေးသည်ဘ၀က မမှန်မကန် စီးပွားရှာခဲ့၍ ပြိတ္တာဖြစ်ကြရသော
ဈေးသည်မများအကြောင်း ပေတ၀တ္ထုတွင် ပါရှိသည်ကို တွေ့ရသည်၊
သမ္မာအာဇီဝဖြစ်ကြောင်း ကောင်းကောင်းမွန်မွန် စီးပွားရှာကြသည့် ဈေးသည်
ကုန်သည်များအဖို့ ငရဲ ပြိတ္တာ ဖြစ်စရာအကြောင်း မရှိပါ။
( ဓမ္မရံသီစာမျက်နှာ- မှ-)
No comments:
Post a Comment