Wednesday, August 6, 2014

နိဗ္ဗာန်လမ်းကိုဦးတည်ရန် လိုက်နာရမည့် အချက်များ။

         မြတ်စွာဘုရားရှင်က အဂုင်္တ္တိုရ်သောတာနုဂတသုတ္တန်တွင် တရားတော်ကို လိုက်နာကျင့်
သုံးရန် အဆင့်(၄) ဆင့်ရှိကြောင်း ညွှန်ပြတော်မူပါသည်။ (၁) ရှေးဦးစွာ တစ်နံပါတ်အဆင့်မှာ
“တရားနာရမည်”။ သူတစ်ပါး ရွတ်ဖတ်တာတွေကို နားထောင်ခြင်းသည် တစ်နံပါတ် အဆင့်ဖြစ်ပါ
သည်။ (၂) နှစ်နံပါတ် အဆင့်ကျတော့ “မိမိပါးစပ်နဲ့ ရွတ်ဖတ်ရမည်”။ (၃) တတိယအဆင့်ကျ

တော့ “စိတ်နဲ့ ကြံစည်ရမည်”။ စိတ်နဲ့ ကြံစည်ခြင်းဆိုရာတွင် ဒါက ပစ္စည်းတရား၊ ဒါက ပစ္စယုပ္ပန်
တရား၊ ဒါက ပစ္စယသတ္တိဟု စိတ်နဲ့ ကြံစည်တာမျိုးကို ဆိုလိုခြင်းဖြစ်ပါသည်။ (၄) နံပါတ်လေး
အဆင့်ကျတော့ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုတဲ့အဆင့်” ရောက်ပြီ။ အဲဒီ အဆင့်လေးဆင့် ရပြီဆိုရင်
တော့ နိဗ္ဗာန်လမ်းဘက်ကို ဦးတည်နေပြီ။ တဖြည်းဖြည်းလျှောက်ဖို့ပဲ လိုပါသည်။
         ဉာဏ်စဉ်အနေဖြင့် လေးဆင့်ရသွားပြီ၊ (၁) နံပါတ်က “နာမရူပပရိစ္ဆေဒဉာဏ်”၊ နာမ်ရုပ်
တရားတွေကို ခွဲခြားသိမြင်တဲ့ဉာဏ်စဉ်ဖြစ်၏။ (၂) နံပါတ်ဉာဏ်စဉ်ကျတော့“ပစ္စယပရိဂ္ဂဟဉာဏ်”
အကြောင်းတရားတွေကို သိမ်းဆည်းပြီးသိတဲ့ ဉာဏ်စဉ်ဖြစ်သည်။ အကြောင်းကိုဆိုသဖြင့် အကျိုး
တရားတွေလည်းပဲပါသည်။ အကြောင်းတရားကြောင့် အကျိုးတရားတွေ ဖြစ်ပျက်နေပါလားလို့ သိ
ခြင်းဖြစ်သည်။ (၃) နံပါတ်ကျတော့ “သမ္မသနဉာဏ်”၊ လောကသုံးပါးအတွင်း ရှိတဲ့ နာမ်ရုပ်တရား
တွေကို သုံးသပ်ဆင်ခြင်တဲ့ဉာဏ်ဖြစ်သည်။ (၄) သမ္မသနဉာဏ်ရပြီးနောက် ဖြစ်ပျက်တွေကိုမြင်တဲ့
“ဥဒယဗ္ဗယဉာဏ်” ဖြစ်၏။ ပဌာန်း ၂၄ ပစ္စည်းကို သင်ယူတိုင်း ယင်းဉာဏ်အမြင် လေးမျိုးဟာ ပူး
တွဲပြီး ပါလာမှာပဲ ဖြစ်သည်။ ရှေ့ဉာဏ်နှစ်ပါးဖြစ်တဲ့ “နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်”
နှစ်ပါးဖြစ်လျှင် အပါယ်တံခါးပိတ်၏။ စူဠသောတာပန်ဖြစ်သည်။ နောက်ဉာဏ်နှစ်ပါးဖြစ်တဲ့ “သမ္မ
သနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်” ဖြစ်လာပြီ ဆိုရင်တော့ နိဗ္ဗာန်တံခါးဝကို ရောက်နေပြီဟူ၍ မှတ်ပါ။
နိဗ္ဗာန်ကို အနှေးနဲ့အမြန် ဧကန် ရောက်တော့မည် ဖြစ်သည်။
{ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် န၀မဗန်းမော်ဆရာတော်ကြီး ဒေါက်တာ
  ဘဒ္ဒန္တကုမာရာဘိဝံသ၏ ပဌာန်းတရားတော်မှ ကောက်နုတ်ရေးသားပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment