မြတ်စွာဘုရားရှင် လက်ထက်တော်ကာလတုန်းက မိထွေးတော်ဂေါတမီ အပါအ၀င်
ဘိက္ခုနီမ ငါးရာတို့ဟာ ကောသလမင်းကြီး ဆောက်လုပ်လှူဒါန်းထားသော ရာဇိကာရုံကျောင်း
တော်မှာ သီတင်းသုံး နေတော်မူကြပါတယ်။ တစ်နေ့သောအခါ မိထွေးတော်ဂေါတမီက ဘုရား
ရှင်ထံသွားပြီး လျှောက်ထားတော်မူပါတယ်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.... တပည့်
တော်အပါအ၀င် ဘိက္ခုနီမတို့အား ဆုံးမသြ၀ါဒပေးတော်မူပါ၊ တရားဟောပေးတော်မူပါလို့ အဲဒီလို
လျှောက်ထားတော့ မြတ်စွာဘုရားရှင်က အရှင်မဟာကဿပ၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာ
မောဂ္ဂလာန် အစရှိသော မထေရ်ကြီးတို့ကို အစဉ်အတိုင်း၊ ရဟန်းတို့.... ဘိက္ခုနီမတို့အား အလှည့်
ကျ တရားဟောပေးကြ ဆိုပြီး တာဝန်ပေးထားလိုက်ပါတယ်။ အလှည့်ကျတာဝန် စီမံပေးရမှာက
တော့ အရှင်အာနန္ဒာကို တာဝန်ပေးလိုက်ပါတယ်။
အရှင်အာနန္ဒာက အလှည့်ကျမထေရ်ကို သွားပြီး ပင့်ဖိတ်ရပါတယ်။ အဲဒီလိုနဲ့ အလှည့်ကျ
မထေရ် အပါးသုံးဆယ်လောက် တရားဟောပြီးပြီ၊ ဘိက္ခုနီမငါးရာတို့ တရားမရကြသေး တစ်မဂ်
တစ်ဖိုလ် မရကြသေး။ အဲဒီတော့ အရှင်နန္ဒကမထေရ်အလှည့်သို့ ရောက်လာပါတယ်။ အရှင်အာ
နန္ဒာက သွားပင့်တော့ ကြောင်းကျိုးပြကာ တရားမဟောဖြစ်။ အရှင်နန္ဒက ကလည်း ဘိက္ခုနီမတို့
အား တရားဟောလျှင် ပုထုဇဉ်ရဟန်းတွေက အရှင်နန္ဒကဟာ ဆွေမျိုးတွေကိုပဲ တရားဟောပေး
နေတယ်။ ကိလေသာတွေ၊ သံယောဇဉ်တွေ မကုန်သေးဘဲကို... လို့ ပြစ်မှားကြမှာကို စိုးရိမ်တယ်
မိမိကို ပြစ်မှားမိလို့ရှိရင် ပြစ်မှားတဲ့ပုဂ္ဂိုလ် ဆင်းရဲသွားလိမ့်မယ်၊ အပြစ်ကြီးလိမ့်မယ်သိတော့ ...
ငါ ခဏနေအုံးမယ်။ ဘုရားရှင်ကလွှတ်မှ ဟောခိုင်းမှ ဟောမယ်၊ ဒီလိုဆိုပြီး တည်ငြိမ်နေလိုက်
တယ်။
နေ့တိုင်း နေ့တိုင်း အရှင်အာနန္ဒာ သွားပင့်တယ်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်မြောက်ကျ
တော့ မိထွေးတော် ဂေါတမီက ဘုရားဆီသွားလျှောက်တော့ အရှင်အာနန္ဒာကို ဘုရားရှင်ကမေး
တယ်။ ချစ်သားအာနန္ဒာ တရားမဟောတာ သုံးရက် ရှိပြီဆို... မှန်ပါ့ဘုရား အရှင်နန္ဒကအလှည့်
ပါ ဘုရား..။ ဆိုပြီးမှ နန္ဒကကို ဘုရားခေါ်ပြီး ..၊ ငါဘုရားသာသနာမှာ အာသဝေါကင်းကွာပြီး
အကုသိုလ်မှန်သမျှကို ရှောင်ရှားထားသော ချစ်သားရဟန်းနန္ဒက သင်သည် ဘိက္ခုနီမငါးရာတို့
အား တရားရေအေးတိုက်ကျွေးတော်မူပါ.. ၊ ပြီးတော့မှ နန္ဒက က မှန်လှပါဘုရား တပည့်တော်
ကြိုးစားဟောကြားပါမယ်။
သပိတ်ကလေးလွယ်ပြီး ဆွမ်းခံထွက်၊ ရလာတဲ့ဆွမ်းကို မျှတအောင်မှီဝဲ၊ နေ့သန့်စင်ပြီးမှ
ဘိက္ခုနီမတွေ သီတင်းသုံးနေတဲ့ ရာဇိကာရုံကျောင်းတော်ကို ကြွဖို့ရာ အချိန်ကိုက် မိမိကိုယ်ကို
အဖေါ်ပြုလျက် ကြွတော်မူပါတယ်။
ဘိက္ခုနီမတွေက အရှင်နန္ဒကမထေရ် ကြွလာပြီလို့ ကြားတာနဲ့ ကျောင်းတော်ကို သန့်ရှင်း
ရေးလုပ်ကြ၊ ရေတွေအဆင်သင့်၊ ခြေသုတ်အဆင်သင့်နဲ့ အစစ အရာရာ အဆင်သင့် လုပ်ထားကြ
တယ်။ ယခင်မထေရ်ကြီးတွေတုန်းက လုပ်ပေးထားသလို မဟုတ်ဘဲ တမူထူးပြီး စိတ်ပိုင်းဆိုင်ရာ
တက်ကြွနေတယ်၊ လန်းလန်းဆန်းဆန်း ဖြစ်နေတယ်၊ အဆင်သင့်လုပ်ပြီး မျှော်လင့်နေကြတယ်။
(ဒါကြောင့်မို့ ရှေးအယင်ဘ၀က အတူတူ ကုသိုလ်ရှိဘူးတယ်၊ ကုသိုလ်ပြုဖူးခဲ့တဲ့ ပုဂ္ဂိုလ်တွေ
ဟာ ကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်နဲ့ ပြန်လည်ပြီးတော့ ပြန်တွေ့တဲ့အခါမှာ မြင်လိုက်ရတာနဲ့ စိတ်ပိုင်းဆိုင်
ရာ ကြည်နူးတယ်၊ ပါရမီဓာတ်ခံ အတိတ်ဘ၀ပေါင်း မြောက်များစွာတို့က ကုသိုလ်ပြုခဲ့ရှိခဲ့တဲ့ပုဂ္ဂိုလ်
တွေ ပြန်လည်ဆုံစည်းခွင့်ရပြီဆိုရင် အဲဒီပုဂ္ဂိုလ်ကို တွေ့ချင်တယ်၊ ဖူးချင်တယ်၊ တရားနာချင်တယ်၊
အဲဒီလိုကို စွဲနေတာ။ ဘုရားက ဒီတရားနဲ့ ပတ်သက်ပြီး တစ်ခါတစ်ရံ... “ပုဂ္ဂိုလ်ခင်မှ တရားရတဲ့”
အဲဒါကို တချို့တချို့ ဆရာတော်များကလည်း ပြောကြပြန်တယ်၊ “ပုဂ္ဂိုလ်မစွဲနဲ့ ပုဂ္ဂိုလ်စွဲရင် တရား
မရဘူး” တဲ့။ ပုဂ္ဂိုလ်စွဲရုံနဲ့တော့ မဖြစ်ပါဘူး၊ ခုနက ပြောသလို အရှင်သာရိပုတ္တရာ၊ အရှင်မဟာ
ကဿပ အစရှိတဲ့ ရဟန္တာမထေရ်အရှင်မြတ်ကြီးတွေ အပါးသုံးဆယ်လောက် တရားတွေဟောတာ
တရားတွေချီးမြှင့်တာ ဘိက္ခုနီမငါးရာ တရားမရရှာဘူး။)
အရှင်နန္ဒကမထေရ် ရောက်လာပြီး သင့်တင့်လျောက်ပတ်တဲ့နေရာမှာ စနစ်တကျထိုင်ပြီး
တော့ ဘိက္ခုနီမငါးရာတို့အား တရားဟောလိုက်ရာ ငါးရာလုံးသောတာပတ္တိမဂ်ရကာ သောတာပန်
ဖြစ်သွားပါတယ်။ နောက် နှစ်ရက်၊ သုံးရက်၊ လေးရက်မြောက်နေ့မှာ ဘိက္ခုနီမငါးရာစလုံး အာသ
ဝေါကုန်ခမ်းတဲ့ ရဟန္တာမတွေဖြစ်သွားကြပါတယ်။
{ ၁၃၇၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ ရတနာမာရ်အောင်
တောရဓမ္မရိပ်သာ၌ မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ ဟောကြားသော
“ ဆရာကောင်းထံ နည်းနာခံ ” တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment