ဘုရားရှင်တို့သည် အကုသိုလ် နည်းပါးသော (သို့မဟုတ်) မထင်ရှားသော လူ.သက်တမ်း
တစ်သိန်း၏ အထက်နှင့် ကုသိုလ်နည်းပါးသော (သို့မဟုတ်) မထင်ရှားလွန်းသော လူ့သက်တမ်း
တစ်ရာတမ်း၏ အောက်တွင် မပွင့်တော်မူကြပေ။ အကုသိုလ်နှင့် ကုသိုလ် ရောထွေးနေသော တစ်
သိန်းနှင့် တစ်ရာတမ်း ကြားတွင် ပွင့်တော်မူကြသည်။
ဒီပင်္ကရာမြတ်စွာဘုရား လက်ထက်တော်တွင် လူတွေရဲ့သက်တမ်းတစ်သိန်း ရှည်ကြပါတယ်။
ဝိပဿမြတ်စွာဘုရား လက်ထက်တော်တွင် လူတွေရဲ့သက်တမ်း နှစ်ရှစ်သောင်း ရှည်ကြပါတယ်။
ဝေဿဘူမြတ်စွာဘုရား လက်ထက်တော်တွင် လူတွေရဲ့သက်တမ်း ခြောက်သောင်း ရှည်ကြပါတယ်။
ကကုသန်မြတ်စွာဘုရား လက်ထက်တော်တွင် လူတွေရဲ့သက်တမ်းနှစ်လေးသောင်း ရှည်ကြပါတယ်။
ကဿပမြတ်စွာဘုရား လက်ထက်တော်တွင် လူတွေရဲ့သက်တမ်း နှစ်နှစ်သောင်း ရှည်ကြပါတယ်။
ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် လူတွေရဲ့သက်တမ်း နှစ်တစ်ရာသာ ရှည်ကြပါတယ်။
ဂေါတမမြတ်စွာဘုရားရှင်ဟာ အကုသိုလ်ပေါများ၊ ဆန်းပြားသော ဒိဠိအယူအဆမျိုးစုံတို့ ပေါများ
သော ကာလတွင် ပွင့်တော်မူရသော ဘုရားဖြစ်ပါတယ်။ ဘုရားရှင်တို့ ပွင့်တော်မူရာ သက်တမ်းတွင်
လည်း အနည်းဆုံးသော လူ့သက်တမ်းတွင် ပွင့်တော်မူသော ဘုရားရှင် ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ဆုပ်ကပ်ဖြစ်နေတော့ နှစ် ၁၀၀- ကြာရှိ
တိုင်း လူ့သက်တမ်းဟာ တစ်,နှစ်စီ လျော့ကျလာတယ်လို့ ဆိုကြပါတယ်။ သာသနာနှစ် ၂၅၀၀-
ကျော် ကြာလာပြီဆိုတော့ လူ့သက်တမ်းလည်း ၂၅- ကျော် လျော့ကျသွားပါပြီ။ ဒါကြောင့် အခု လူ့
သက်တမ်းဟာ ၇၄- နှစ်ကျော်ပဲ ကျန်ပါတော့တယ်။
လူ့သက်တမ်းအရ အရွယ်ကို သုံးပိုင်း,ပိုင်းကြည့်လိုက်ရင် အသက် ၅၀- ကျော်အရွယ်ဟာ
တတိယအရွယ်ကို ရောက်နေပါပြီ။ ဒီအရွယ်မှာ နေတတ်ထိုင်တတ်ရင် ငယ်ရွယ်သူတို့ရဲ့ အရိုအသေ
ပေး လေးစားမှုကိုခံစားရပြီး ဘ၀အတွက် အားတက်စရာတွေ ရလာတတ်ပါတယ်။
အဲဒီလို တိုတောင်းလှတဲ့ လူ့သက်တမ်း ခဏလေးမှာ ဘ၀အတွက် အကျိုးရှိအောင် ဘာတွေ
လုပ်ရမှာလဲ ?၊ ဘ၀ကို အကျိုးရှိအောင် ဘယ်လိုနေနည်းနဲ့ ပြုမူနေထိုင် ကျင့်ကြံရမှာလဲ ဆိုတာ
အလွန် အရေးကြီးပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကုသိုလ်ကင်းအောင် နေတတ်ဖို့ နှလုံးသွင်း မှန်
ကန်ဖို့ လိုပါတယ်။ စိတ်နေစိတ်ထား မွန်မြတ်ဖို့ လိုပါတယ်။ အဲဒီလို ဖြစ်လာဖို့အတွက် ကျင့်ကြံရမယ့်
အချက်တွေကို မရမ်းကုန်းမြို့နယ် သာသနာ့အောင်မြေ စာသင်တိုက်က တိုက်အုပ် ဆရာတော်ဘဒ္ဒန္တ
ဇယံဝံသ ပေးဝေ လှူဒါန်းတဲ့ တတိယအရွယ်သို့ ရောက်လျှင် ကျင့်ကြံရမည့်၊ ဂရုစိုက်ရမည့် အချက်
များကို မျှဝေပေး လိုက်ပါတယ်။
၁။ စကားများများပြောခြင်းမှ ရှောင်ရှားနိုင်ရပါမယ်။
၂။ အနီးပတ်ဝန်းကျင်များ၏ ကိုယ်ရေးကိုယ်တာကိစ္စဟူသမျှတွင် မလိုအပ်ဘဲ ပါဝင်ပတ်သတ်မှု မပြုရန်
သတိပြုရပါမယ်။
၃။ ငယ်ရွယ်သူများနှင့် ဆက်ဆံရာတွင် အသေးစိတ်အချက်အလက်များကို ထပ်တလဲလဲ မပြောမိစေရန်
သတိထားရပါမယ်။
၎။ ပတ်ဝန်းကျင်ရှိလူများက ယင်းတို့၏ ဒုက္ခဝေဒနာ ခံစားမှုများကို မိမိထံ လာရောက်ပြောပြသောအခါ
စိတ်ကောင်း၊ စေတနာကောင်းထားပြီး သည်းခံ နားထောင်နိုင်ရပါမယ်။
၅။ မိမိ၏ ဝေဒနာခံစားချက်များကို သူတစ်ပါးအား ပြောပြလိုစိတ် တဖွားဖွား ဖြစ်ပေါ်ခြင်းကို ချုပ်တည်း
နိုင်သူ ဖြစ်ရပါမယ်။
၆။ ငါအသက်ကြီးပြီ၊ အတွေ့အကြုံများပြီ၊ မမှားနိုင်ဟူသော အယူအဆကို ဖယ်ထားပြီး ငါလည်း မှားနိုင်
တာပဲ ဟူသော အယူအဆကို လက်ခံနိုင်သူဖြစ်ရပါမယ်။
၇။ မိမိသည် သူတော်စင် တစ်ယောက်ကဲ့သို့ စိတ်ဓာတ် မပြည့်ဝနိုင်သော်လည်း အများစုက လက်ခံနိုင်
သည့် အတိုင်းအတာထိ သဘောထားကြီးသူ ၊ မြင့်မြတ်သူ ဖြစ်နိုရပါမယ်။
၈။ ဆက်ဆံရေးတွင် ဆရာလုပ်သူ ၊ သြဇာပေးသူ မဖြစ်စေလိုပါ။ တတ်နိုင်သည့် အပိုင်းမှ ပါဝင်ကူညီသူ
ဖြစ်ရပါမယ်။
၉။ မိမိ၏ အတွေ့အကြုံ ပညာမှ ရရှိလာသော ဘ၀သင်ခန်းစာများကို အချည်းအနှီး မဖြစ်ရလေအောင်
ဆင်ခြင်သုံးသပ်နိုင်ရပါမယ်။
၁၀။ မိမိ၏ နောက်ဆုံးအရွယ်ကို ကလျာဏမိတ္တ မိတ်ဆွေများကြားတွင် ခိုလှုံရပါမယ်။
{ မရမ်းကုန်းမြို့နယ် သာသနာ့ အောင်မြေ စာသင်တိုက်က တိုက်အုပ် ဆရာတော်ဘဒ္ဒန္တဇယံဝံသ ၏
တတိယအရွယ်သို့ ရောက်လျှင် ကျင့်ကြံရမည့်၊ ဂရုစိုက်ရမည့် အချက်များကို အခြေခံကူးယူပြီး
ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment