ကိုးကွယ်ရမှာက ဘုရားရတနာ တရားရတနာ သံဃာရတနာ အားထားရမှာက
ကိုယ်ရဲ့သီလ ကိုယ်ရဲ့သမာဓိ ကိုယ်ရဲ့ပညာ။
မိမိအတ္တကိုရှေ့တန်းတင်ပြီးထောက်စ, ကြည့်လျှင် ပုဂ္ဂိုလ်ကြည့် ဝေဖန်နေလို့
လမ်းမဆုံးဘူး။
ဘာရှုံးရှုံး ဥာဏ်မရှုံး ပါစေနဲ့။
အကောင်း အဆိုး ၊ အကြောင်း အကျိုး ၊ အမှား အမှန် ၊ ဆင်းရဲ ချမ်းသာ ကို
ပိုင်းခြားသိတာ ဥာဏ်။
ဘာအတွက်မှ မာန်မတက်နဲ့။ စူးစိုက်ကြည့်မှ ထိုးထွင်းမြင်မည် ထိုးထွင်းမြင်မှ
ပိုင်းခြားသိမည်။
တန်ဖိုးသိမှ တန်ဖိုးရှိသည် ကျေးဇူးသိမှ ကျေးဇူးရှိသည် အသုံးချမှ အသုံးကျသည်
တာဝန်သိသူတိုင်းမှာ တာဝန်ရှိသည်။
မရှိတာထက် မသိတာခက်တယ် မသိတာထက် မသိချင်တာ ပို၍ ခက်တယ်
မသိတာချင်တာထက် သိချင်ယောင်ဆောင်တာအခက်ဆုံး။
ဖြစ်သမျှအကြောင်း မကောင်း ကောင်းအောင်လုပ်။
အကြောင်းကောင်းမှ အကျိုးကောင်းမယ် အကြောင်းစင်ကြယ်မှ အကျိုစင်ကြယ်မယ်။
တရားမသိတော့ အသိတရားမရှိ အသိတရားမရှိတော့ တရားနဲ့လျှော်အောင်မနေတတ်
တရားနဲ့လျှော်အောင်မနေတတ်တော့ အပြစ်ဖြစ်တယ်။
မကောင်းတော့ဘူးလို့မပြောနဲ့ ကောင်းအောင်လုပ်။ ဓမ္မမိတ်ဆွေများ သစ္စာ ဥာဏ်
အလင်း ပွင့်လင်းနိုင်ကြပါစေ။
No comments:
Post a Comment