ဘုရားရှင် ဟောမိန့်တော်မူခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း နည်းတွေဟာ ရှစ်သောင်းလေး
ထောင်တောင် များပြားပါတယ်၊ လူတိုင်းဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ သင့်တော်ကြ
မှာပါ၊နိဗ္ဗာန်ရောက်အောင် အားထုတ်တာမှာ ၀ိပဿနာ ဥာဏ်ရဖို့အရေးကြီးပါတယ်၊ တချို့ တ
ရားအားထုတ်ကြပါတယ်၊ တရားအားထုတ်တာ တရားထူးရပြီလား ဆိုတော့လဲ မထူးသေးဘူး၊
ကိုယ်ကိုတိုင် လွယ်တယ်မထင်ဘဲ ခဲယမ်းနေ လိုက်တာ၊ ဘာလို့များလဲလို့  သိဖို့ အလွန်အရေး
ကြီးပါတယ်၊ နားလည်သထက် နားလည်အောင် ပြောပေးချင်တာက သတိအားကောင်းတဲ့သူ
သတိပဌာန် အားထုတ်ရင် သင့်တော်ပါတယ်၊ အဆင်ပြေပါတယ်၊ လွယ်ပါတယ်၊ သတိအားမ
ကောင်းတဲ့ပုဂ္ဂိုလ်များကျတော့ ဘယ်လိုမှ အားထုတ်လို့ မရပါဘူး၊ ခဲယမ်းတယ်လို့ ခေါ်ပါတယ်။
အသက်အရွယ်ရလာတော့ ဘယ်လောက်ဘဲ သတိကောင်းကောင်း မိစ္ဆာသတိဘဲ အစွဲများတယ်၊
ရပ်ထဲရွာထဲမှာနေရင် မိစ္ဆာသတိဘဲအဖြစ်များတယ်၊ သတိပဌာန် အလုပ်အားထုတ်တယ်ဆိုတာ
ဥပါဒါန်အစွဲ လွတ်ကင်းပြီး သမာသတိ အားထုတ်ရတာ၊ လောကသဘောနဲ့ ယှဉ်ကြည့်ရင်လဲ ဥ
ပါဒါန် အစွဲတွေကြောင့် သားမှတ်မိ၊ မယားမှတ်မိ၊ ခင်ပွန်းယောက်ျားမှတ်မိ၊ လုပ်ခဲ့ကိုင်ခဲ့တာ
တွေကို အကုန်မှတ်မိနေတယ်၊ သတိတော့ကောင်းတယ်၊ ဘာသတိဆိုတော့ မိစ္ဆာသတိ။ သမာ
သတိကျပြန်တော့ အားမကောင်းဘူး။ အဲဒီပုဂ္ဂိုလ်တွေအတွက်သတိပဠာန် အားထုတ်တာ အလွန့်
အလွန် ပင်ပန်းပါတယ်။
မိမိကိုယ်ကို သတိပဌာန် ရှုဘူး၊ မှတ်ဘူး၊ ပွားများဘူးပါလိမ့်မယ်။ တကေလို့များ မိမိတို့
က သတိအားမကောင်းဘူး၊ ၀ီရိယတော့အားကောင်းပါတယ်ဆိုရင် သတိပဌာန်နဲ့ လုံးဝ အဆင်
မပြေနိုင်ပါဘူး။ သတိပဌာန်ဆိုတာ သတိပဌာန သတိပြဌာန်းတယ်လို့ ခေါ်ပါတယ်။ သတိအား
ကောင်းတဲ့သူတွေလုပ်တဲ့အလုပ်၊ တကေလို့များ မိမိတို့က သတိအားမကောင်းဘဲနဲ့ ခိုင်းလို့သာ
မှတ်နေရ၊ ခိုင်းလို့သာရှုနေရ၊ ခိုင်းလို့သာ အားထုတ်နေရဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး၊
ခဲယမ်းတယ်လို့ခေါ်ပါတယ်။ တချို့တချို့ ကတော့ သတိအားမကောင်းပေမဲ့ ၀ီရိယအားကောင်း
တယ်၊ ပြေးဟဲ့လွှားဟဲ့ ပြောဟဲ့ဆိုဟဲ့ ဆိုတဲ့ ကိုယ်ကောင်ကြီး ၀ီရိယမဟုတ်ဘူး။ မဖြစ်သေးတဲ့
အကုသိုလ်တွေ မဖြစ်အောင်၊ ကြိုးစားနိုင်တဲ့ဝီရိယ၊ ဖြစ်ပြီးသား အကုသိုလ်တွေကို ချက်ချင်း
ရပ်ပြီးတော့ ပယ်ဖျက်နိုင်တဲ့ စိတ်ဝီရိယ ကိုပြောတာပါ။
တကယ်နိဗ္ဗာန်လိုလားလို့  တရားအားထုတ်မယ်ဆိုရင်၊ ကိုယ့်မှာသတိကောင်းရဲ့လား၊ ၀ီ
ရိယကောင်းရဲ့လား၊ သိရပါတယ်။ သူများခိုင်းလို့သာ လုပ်နေရတယ်၊ သူများပြောလို့သာလုပ်နေ
ရတယ်၊ ကိုယ်ကဘယ်သန်မှန်းမသိ ညာသန်မှန်းမသိ၊ အဲလိုအားထုတ်နေရင် " ခုလိုဆိုတော့
လွယ်ပါတယ် " ဖြစ်မလာပါဘူး။ တချို့ က သတိပဌာန်အားထုတ်ရင် နိဗ္ပာန်ရောက်တယ်ဆိုပြီး..
ဘယ်နည်းဘယ်နည်းတွေကို ပယ်လိုက်ကြတယ်။ တကယ်သတိပဌာန်ကို မွှန်းစရာကောင်းတယ်
ဆိုရင် ဘုရားရှင်တော်မြတ်ကြီး ၄၅ ၀ါပတ်လုံး မဟာသတိပဌာနသုတ် ကိုဘဲဟောကြားမှာပေါ့။
အဲဒီလို မဟုတ်ပါဘူး။ တရားနားတဲ့ပုဂ္ဂိုလ်ပေါ် မူတည်ပြီး ဟောပေးတာပါ။ ဘုရားရှင်တော်မြတ်
ကြီး ဥာဏ်တော်အရ ဘယ်လိုမှပြောစရာမလိုပါဘူး။........အများသိအောင်ပြောချင်တာက၊
ကိုယ်သတိအားကောင်းရင် သတိပဌာန်အားထုတ်...ဖြစ်ပါတယ်။ ကိုယ်ဝီရိယအားကောင်းရင်းနဲ့
သတိပဌာန် အားထုတ်ရင်....နှစ်ပေါင်းရာ၊ ထောင်ချီအားထုတ် အဆင်ပြေမှာမဟုတ်ပါဘူး။
တချို့ ကျတော့ သဒ္ဒါအားကောင်းလိုက်တာ သူများတွေပြောတဲ့ ရိပ်သာဆိုတာ မသွား
ပါဘူး၊ တရားစခန်းဆိုတာ မ၀င်ပါဘူး။ ဒါပေမဲ့ မနက်မိုးလင်း ဘုရားဆွမ်းတော် မကပ်ရဘဲမနေ
နိုင်၊ ရှိမခိုးရဘဲမနေနိုင်၊ ပန်း၊ ဆီမီး၊ ရေချမ်း၊ မကပ်လှူရဘဲ မနေနိုင်ဘူး။ သံဃာတော်တွေကို
ဆွမ်းမလောင်းရဘဲမနေနိုင်ဘူး။ အဲဒီသဒ္ဓါတရား အားကောင်းလာတာနဲ့အမျှ တဏှာတွေလျော့
သွားမှာ။....ကိုယ်သာရာသာရာ လုပ်သွားလိမ့်မယ် အဆင်ပြေပြေ။...အဲဒါကိုများ ကိုယ်ကဘာမ
သိညာမသိနဲ့ သဒ္ဓါအားကောင်းတဲ့သူကို.....မှတ်ဟေ့ရှုဟေ့ ပြောရင်..အလွှဲကြီးလွှဲသွားပြီ။.....
သဒ္ဓါတရား အားကောင်းတဲ့သူကို ဘေးကလူက နင်တရားအားထုတ်တာမဟုတ်ဘူး၊
ရိပ်သာသွားပါလား၊ တရားစခန်းသွားပါလား၊ မပြောရဲဘူး။ ကုသိုလ်ချင်းအတူတူ ဘယ်ကုသိုလ်
လုပ်ရတာပိုလွယ်သလဲ၊ တချို့ ဒါနလွယ်တယ်၊ တချို့ သီလလွယ်တယ်၊ တချို့ သမထလွယ်တယ်၊
တချို့ ဝိပဿနာလွယ်တယ်၊ တချို့ ကတော့ဝေယာဝိစ္စလုပ်ရတာ လွယ်တယ်။ တချို့  တခုခုကို
စိုက်စိုက်စူးစူး လုပ်လေ့ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ သမာဓိနဲ့ အားထုတ်တာပျော်တယ်၊ မှန်ပါဘုရား
ဟုတ်ပါဘုရားလို့  သာဓုခေါ်ရုံနဲ့  ပြီးမဲ့တရားမျိုးမဟုတ်ဘူး၊ ကိုယ်သန်ရာကိုယ်လုပ်တဲ့သူဟာ
အလုပ် လွယ်ပါတယ်၊ မကျွမ်းကျင်၊ မသန်၊ အားမရှိတဲ့အလုပ်ကို ကိုယ်လုပ်....ခဲယမ်းလိုက်တာ၊
ပင်ပန်းလိုက်တာ။
တရားရလွယ်တာမလွယ်တာ လမ်းကြောင်းမှန်တာပေါ် မူတည်ပါတယ်။ လွယ်ဖို့ ခက်
ဖို့ က ဗဟုသုတ အရေးကြီးပါတယ်။ သတိအားကောင်းရင် သတိပဌာန်အားထုတ် လွယ်မှလွယ်။
အသိဥာဏ်ပညာ အားကောင်းရင် မဂ္ဂင်တရားတွေ၊ ဗောဇျွင်တရားတွေအားထုတ် လွယ်မှလွယ်။
သူများထိုင်ခိုင်းလို့  မထိုင်ဖြစ်ရင်လဲ စိတ်ပျက်စရာ မလိုပါဘူး။ တရားတစ်မျိုးမျိုးလောက် ပြည့်
စုံရင်ကို....မကွေ့ မကောက် ဖြောင့်ဖြောင့်တန်းတန်း နိဗ္ဗာန်ရောက်အောင် လမ်းမှန်ဖြင့် ကျင့်နေ
တဲ့ ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။ မျက်စိမှိတ်မှ ဘယ်လိုထိုင်မှဆိုတာ တရားမှန် မဟုတ်ပါဘူး။ နားလည်
ပါ၊ သဘောပေါက်ပါ။ အဆင်မပြေတဲ့နည်းကို ပေတေပြီး ရအောင်လုပ်နေတဲ့နည်းဟာ အရှုံးကြီး
ရှုံးပါတယ်၊ အရှုံးကြီးရှံးပါတယ်၊ အရှံးကြီးရှံးပါတယ်၊ လူ့ဘ၀ရခိုက် မရှုံးစေပါနဲ့။ ။ ။
{ (၂.၁၀.၂၀၀၅)တော်သလင်းလကွယ်.တနင်္ဂနွေနေ့၊ မွန်ပြည်နယ် သထုံမြို့၊ သုဝဏ္ဏဘုံ
မိ ဘိုးဘွားရိပ်သာတွင် ဓမ္မဒူတအရှင်ဆေကိန္ဒ ဟောကြားတော်မူသော “ခုလိုဆိုတော့လွယ်သားဘဲ"
တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment