Thursday, October 2, 2014

အတ္တဟိတ လုပ်တတ်ပြီလား...?

D ခေတ်သတင်းစာတွေ၊ ဂျာနယ်မဂ္ဂဇင်းတွေ၊ အွန်လိုင်းလူမှုကွန်ယက်တွေမှာ ရေပန်းအစားဆုံးနဲ့ ပေါ်ပြုလာအဖြစ်ဆုံးသတင်းကတော့ “ပရဟိတ” ဆိုတဲ့စကားလုံးလေး
ပါဘဲ၊ ရုပ်ရှင်မင်းသား မင်သမီး အစ မော်ဒယ် မယ် အဆိုတော်အလယ် ပြည်သူလူထု အဆုံး ပါဝင်ပတ်သက်လှုပ်ရှား နေကြပါတယ်၊ D “ပရဟိတ” ဆိုတဲ့အများအကျိုး
အတွက်ဆောင်ရွက်တဲ့လုပ်ငန်းစဉ်လေးမှာ အချို့ကလဲ နံမည်ကြီးမယ်တွေ ဖြစ်လာတဲ့အခါ လူသားအကျိုးပြုလုပ်ငန်းတွေ ပါဝင်လာကြသလို ငွေအားနဲ့တတ်နိင်တဲ့သူက
လဲငွေထည့်ဝင်လှူတန်းသလို လုပ်အားတတ်နိင်တဲ့သူကလည်း လုပ်အားဒါနပြုလုပ် လာကြတာ
အများမြင်သာထင်သာရှိကြပါလိမ့်မယ်၊ အကျိုးပြု ၀န်ဆောင်မှုပေးတဲ့ အ
လုပ်တွေကလဲ အမျိုးမျိုးတွေ့ရပါတယ်၊ နိင်ငံခြားအထိ ကျော်ကြားလူသိများတဲ့ ကိုကျော်သူတို့နာရေးကူညီမှုအသင်းကိုလည်း အထင်ရှားဆုံးနံမည်အကျော်ဆုံးတွေ့ရ
သလို၊ အမြို့မြို့ အနယ်နယ်ကလည်း သူ့အရပ်သူ့ဇတ်ဆိုသလို နာကူ အသင်းလေးတွေ အရေးပေါ်လူနာတင်ယာဉ်ကုသိုလ်ဖြစ်တွေ လူမှုကူညီရေးအဖွဲ့တွေ အများအြ
ပားဖွဲ့စည်းထူထောင်ထားတာကို အားရ၀မ်းသာတွေ့နေရပါတယ် ကျနော်တို့နေတဲ့ရန်ကုန်လို အထူးကုဆေးရုံကြီးတွေ အထူးကုဆေးခန်းကြီးတွေ အစိုးရဆေးရုံကြီးတွေ
မှိုလိုပေါက် နေတာတောင် ကုသိုလ်ဖြစ်ဆေးခန်းတွေမှာ မြို့အစွန်အဖျား အာယုဒါန နေရာတွေမှာ လူနာတွေတန်းစီရှိနေတာ “ပရဟိတ” လုပ်တာတွေဘယ်လောက်အောင်
မြင်တယ်ဆိုတာ သိနိင်ပါတယ် ကျနော်နေတဲ့ ရပ်ကွက်မှာတောင် ရှားရှားပါးပါးလေအလှူ (အောက်စီဂျင်) ကုသိုလ်ဖြစ်ဒါနပြုတဲ့အဖွဲ့လေးရှိပါတယ် ပိုက်ဆံတပြားမှပေးစ
ရာမလို မှတ်ပုံတင်ထားခဲ့ဖောင်ဖြည့်ပြီးရင် ဘယ်နှစ်ရက် ဘယ်နှစ်ဘူး လာလဲလဲ လုံးဝကုသိုလ်ဖြစ် နောက်တခုကသူတို့ ရုံးဖွင့်ထားတဲ့နေရာလေးမှာ အခမဲ့ သွေးတိုး၊ ဆီးချို
တိုင်းပေးပါတယ်၊ တခါသုံးအပ်တွေနဲ့ တကယ်သန့်သန့်ရှင်းရှင်း စေတနာပါပါ လုပ်ကြတာပါ ကျနော်တောင်တွေးမိပါတယ်ဒီလို နေရာလေးတွေ တောရော နယ်မြို့လေး
တွေမှာပါရှိရင်ကောင်းမှာဘဲလို့ ရန်ကုန်မြို့ကြီးမှာတောင် အရင်က ဆေးရုံမရောက်ခင် အောက်စီဂျင်ပြတ်လို့ လမ်းမှာဆုံးပါးသွားသူတွေကို ကိုယ့်တွေ့မြင်ဘူးပါတယ် ဒါေ
ကြာင့်လဲ ဒီလိုကုသိုလ်ဖြစ် လေအလှူ၊ သွေးအလှူ အာယုဒါန “ပရဟိတ” လေးတွေ နေရာတကာမှာရှိစေချင်တာတကယ်ရင်ထဲကဆန္ဒပါ....၊အော်...မိတ်ဆွေကိုစာဖတ်ရ
င်းခေါ်လာတာ “ပရဟိတ” အကြောင်းတော်တော်လေး ရောက်မှကိုး၊ ကျနော်ပြောချင်တာ အပေါ်ကခေါင်းစဉ်တပ်ထားတာလေးပါ၊ “အတ္တဟိတ” ပေါ့နော်ဒီလို နံမည်ေ
လးတပ်လိုက်တော့ တမျိုးအမြင်မစောင်းနဲ့ ကျနော်ပြောတာလေးခဏ ဖတ်ကြည့်၊ ကျနော့်ဖေ့ဘုတ်မိတ်ဆွေကော အပြင်မိတ်ဆွေကော ဗုဒ္ဓဘာသာဝင်တွေချည်းပါဘဲ၊
ဒီတော့ ဗုဒ္ဓဘာသာဝင် အမျိုးတွေကို တခုမေးချင်တယ်...? ဗုဒ္ဓဘာသာရဲ့ တခုတည်းသောဦးတည်ချက်ပန်းတိုင်ဟာ ဘာလဲလို့မေးရင် ဘယ်လိုဖြေမလဲ...? ဆယ်ေ
ယာက်ကို မေးရင် ဆယ်ယောက်လုံး နိဗ္ဗာန်ဆိုတာ ဖြေမယ်နော် ဟုတ်ပြီ ဦးတည်ချက်တော့တူပြီ...ကဲ... နောက်တဆင့်ထပ်မေးမယ် အဲ့ဒီနိဗ္ဗာန်ဆိုတာကို ဘယ်လိုရော
က်အောင်သွားမလဲ လို့ မေးလာရင်တော့ ဆယ်ရောက်မှာ အဖြေဆယ်မျိုးထွက်လာမှာအသေချာဘဲ၊ ဒီတော့ ကျနော် “အတ္တဟိတ” အကြောင်းပြောတော့မယ် ကျနော့
လျှာရှည် အဲ့..အဲ့..စာရှည်နေလို့မိတ်ဆွေ ဖုန်းဘေတွေလဲ အားနာဖို့ကောင်းပြီ အဓိကကျတာလေးတွေဘဲ ပြောတော့မယ် ...။
“အတ္တာဟိ အတ္တနော နာထော= မိမိကိုယ်သာကိုးကွယ်ရာ” ဆိုပြီးဟောထားတာရယ် မဟာသတိပဋ္ဌာနသုတ်တော်မှာ ဘုရားရှင်က “သတိပဋ္ဌာန်လေးပါးတရားကို ကု
ိယ်တိုင်ကျင့်ကြံသော ပုဂ္ဂိုလ်သာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြောင်း” ဆိုပြီးအတိအလင်းဟောထားတာတွေ ကို ထောက်ရှုခြင်းအားဖြင့် နားလည်လိမ့်မယ်လို့ ယူ
ဆပါတယ်။ ဗုဒ္ဓဘာ သာမှာ ကောင်းတာလုပ်ရင် ကောင်းတာရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတာရမယ်ဆိုတာတွေ အတိ အလင်းလာပါတယ်။ နောက်ဆုံးကိုယ့်ရဲ့
ကောင်းတဲ့အလုပ် မကောင်းတဲ့အလုပ်တွေကပဲ စီရင်ချက်ချမှာပါ။
မိမိသည်သာပဓာနဖြစ်ကြောင်းကို ဖြစ်စဉ်လေးတစ်ခုနဲ့တင်ပြချင်ပါတယ်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီးဆဲဆဲအချိန်မှာ ဘုရားရှင်အနီးအပါးကို အရပ်ရပ်က ရောက်လာ
ကြတဲ့သာဝကတွေရှိကြပါတယ်။ တခြားသာဝကတွေက ဘုရားသခင်ကိုယ်တော်မြတ်ကြီးအနားထိုင်ပြီး မျက်ရည်လည်ရွဲ စိုရွှဲနေတဲ့ မျက်နှာနဲ့ မိမိတို့ရဲ့ ဆရာသခင် ကျေး
ဇူးရှင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်ပြုတော့မှာကို မျှော်မှန်းပြီး ၀မ်းနည်းကြေကွဲနေကြရှာ ပါတယ်။ ဒီအချိန်မှာ “အတ္တဒတ္တ”လို့ခေါ်တဲ့ ရဟန်းတစ်ပါးကတော့ ပရိသတ်နဲ့
လွတ်ရာ သူ့ရဲ့အိပ်ယာ တိုက်ခန်းဆီသွားပြီး ၀ိပဿနာကမ္မဋ္ဌာန်းတရားကို အားထုတ်နေပါတယ်။ ဒါကို တခြားရဟန်းတော်တွေက သိတဲ့အခါ ဒီရဟန်းဟာ မြတ်ဗုဒ္ဓရဲ့
အကျိုးကို ဂရုမစိုက်ဘူးဆိုပြီး မကျေမနပ်ဖြစ်ကြပါတယ်။ ဒီကိစ္စကို ဘုရားရှင်ကို သွားပြီးလျှောက်ထားကြပါတယ်။ ဒီအခါ “အတ္တဒတ္တ” ရဟန်းက ပြန်လည်လျှောက်ထားတဲ့
အခါမှာ “မြတ်စွာဘုရားသည် မကြာမီမှာပင် ပရိနိဗ္ဗာန်ပြုတော့မည်။ ငါသည် ဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ သက်တော်ထင်ရှားရှိစဉ်ကာလမှာပဲ အရဟတ္တမဂ်ဖိုလ်သို့ရောက်
အောင် ကျင့်ကြံပွားများအားထုတ်၍ နေခြင်း သည်သာ ဘုရားရှင်ကို ဂုဏ်ပြုရာရောက်သည်ဟု ထင်ကြောင်း” လျှောက်ထားပါတယ်။ ဒီစကားကို ကြားရ တဲ့အခါ မြတ်စွာ
ဘုရားက ဒီရဟန်းရဲ့သဘောထားနဲ့ အပြုအမူကို လွန်စွာ နှစ်သက်တော်မူပါတယ်။ ပြီးတော့ ဘုရားရှင်က “သူတစ်ပါး အကျိုးအတွက် မိမိရဲ့အကျိုးဖြစ်တဲ့ အရဟတ္တမဂ်ဖို
လ်ရောက်အောင် အားထုတ်ခြင်း ကို မစွန့်လွှတ်သင့်ဘူး”လို့ မိန့်မှာတော်မူပါတယ်။
ဒီဝတ္ထုအဖြစ်အပျက်မှာ သရုပ်ဖော်တင်ပြထားတာဟာ ဗုဒ္ဓဘာသာရဲ့ အရေးပါလှတဲ့ အချက်ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အစဉ်သဖြင့် ကိုယ့်ရဲ့ဘ၀ဆင်းရဲလွတ်ြေ
မာက်ကြောင်းကိုသာ မမေ့မလျော့ လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ပြီးတော့ သံသရာဝဋ်ဆင်းရဲ လွတ်မြောက်ကြောင်း ကိစ္စဟာလည်း သူများ ကို အားကိုးလုပ်လို့ မရပါ
ဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင် ဆောင်ရွက်ရတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ သူ့အနေနဲ့ အပြင်ပက ဘယ်တန်ခိုးတော်ရှင်ရဲ့ အမအစနဲ့ နိဗ္ဗာန်ရောက်ရေးကိုလည်းမျှော်ကို
းလို့ မရဘူးဆို တာပဲဖြစ်ပါတယ်။
တချို့ ဗုဒ္ဓဘာသာရဲ့သဘောကို နားမလည်တဲ့ လူတွေကတော့ ဗုဒ္ဓဘာသာကို ဝေဖန်ပြီး ဗုဒ္ဓဘာသာဟာ တစ်ကိုယ်ကောင်းဝါဒ ဖြစ်တယ်။ ဒီဘာသာက မိမိရဲ့ဆင်းရဲ
လွတ်မြောက်ရေး ကိစ္စကိုပဲ ရှေ့တန်းတင်ပြီး အရေးတယူ ပြောဆိုလေ့ရှိတယ် ဆိုပြီး ဝေဖန်တတ်တာတွေ တွေ့ဖူးကြားဖူးကြမှာပါ။ အဲဒီလို ဝေဖန်တာဟာ လုံးဝမမှန်ပါ
ဘူးလို့ပဲ ပြောပါရစေ။ ဘာဖြစ်လို့လဲ။ ဗုဒ္ဓဘုရားရှင်က ရှင်းရှင်းပဲ ဟောထားတာက လူဟာ လူသားတိုင်းရဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်း သက်သာချောင်ချိရေးကို မရပ်မနား ဆော
င်ရွက်ရမယ်လို့ ဟောထား ပါတယ်။ ဒီလိုဆောင်ရွက်ရင်းပဲ သတိပဋ္ဌာန်တရားကို ကျင့်ကြံပွားများပြီးသကာလ မိမိရဲ့ ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို မရောက်
ရောက်အောင် အားထုတ်သွားကြရမယ်ဆိုတာကို လည်း ဟောတော်မူ တာပါ။ ဗုဒ္ဓဘုရားရှင်ဟာ ကိုယ်ကျိုးမဖက်တဲ့ အများအကျိုးပြု လုပ်ငန်းတွေကို အထူးထောက်ခံ
အားပေးတော်မူပါတယ်။
ဗုဒ္ဓဘာသာမှာ ကျနော်တို့ယုံကြည်ကြတာက တခြားလူတွေက လူ တစ်ယောက်အပေါ်မှာ သြဇာလွှမ်းမိုးနိုင် တယ်ဆိုပေမယ့် နောက်ဆုံးတော့ ဒီလူဟာ သူ့ကံကြမ္မာ သူ
ဖန်တီးရတာပါ။ သူပြုတဲ့ ကံ ကံရဲ့အကျိုးအတွက် သူ့မှာပဲ တာဝန်ရှိတယ် ဆိုတာကို ယုံကြည်ထားကြပါတယ်။ လူတစ်ယောက်ဟာ နောက်ဆုံးပိတ် ဘ၀ လွတ်မြောက်ရေး
အမှန် နိဗ္ဗာန်ကို အားထုတ်ရာမှာ ဘယ်လူ တစ်ယောက်၊ ဘယ်နတ်တစ်ပါးကမှ စိုးမိုးထိန်း ချုပ်ပြီး လမ်းညွှန်နိုင်တာမျိုးလည်း မရှိပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုသာ အားကို
းရာ ရှိတယ်ဆိုတဲ့ သဘောရဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာ က လူတစ်ယောက်ကို တစ်ကိုယ်ကောင်းဆန်ရမယ်လို့ သင်ကြား တဲ့ အဓိပ္ပာယ်မရပါဘူး။ ဗုဒ္ဓ
ဘာသာမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ နိဗ္ဗာန် ရအောင် ရောက်အောင် အားထုတ်တဲ့အခါ သူ့အနေနဲ့ သူ့အသက်ကို သတ်ဖြတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ မုသာြးေ
ပာဆိုခြင်း၊ သူတပါးအိမ်ရာကို ကျူးလွန်ခြင်း၊ ကိုယ့်စိတ်ကို အထိန်းအကွပ်မဲ့စေတဲ့ မူးယစ်သောက်စားခြင်းတွေ ကို ဝေးစွာရှောင်ကြဉ်ဖို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချထားရ
ပါတယ်။ သူ့ကိုယ်သူ ထိန်းသိမ်းစောင့်ရှောက်ခြင်း အားဖြင့် သူဟာ တခြားသူများရဲ့ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးကို အကျိုးပြုရာရောက်ပါတယ်။ ဒါဆိုရင် သူတို့ြေ
ပာပြောနေတဲ့ “တစ်ကိုယ်ကောင်း လုပ်ခြင်း” ဟာ တခြားလူတွေရဲ့ဘ၀သာယာချမ်းမြေ့ရေး အတွက် ကောင်းတဲ့အလုပ်ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ပြောလို့ရပါတယ်ပေါ့။
ဒါကြောင့်လည်း ကျနော့်အမျိုးတွေကို “ပရဟိတ”လဲလုပ်ရင်း နိဗ္ဗာန်ရောက်ကြောင်းဖြစ်စေမယ့် “အတ္တဟိတ” လည်းလုပ်တတ်သူတွေဖြစ်ပါစေလို့ ဆန္ဒပြုရင်း ကျန်မာ၊
ထီပေါက်၊ နိဗ္ဗာန်ရောက်နိင်တဲ့သူတွေ၊ သာယာမှုနဲ့သာသနာပြုနိင်တဲ့သူတွေဖြစ်နိင်ကြပါစေ...။
( မူကြိုဆရာ )

No comments:

Post a Comment