ရှင်အာနန္ဒ ပွားများအားထုတ်သွားတဲ့ ၀ိပဿနာတရားဆိုတာ တခြား
မဟုတ်ဘူး။ ဟောဒီ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးပေါ်
ရှုမှတ်ခြင်းပဲဖြစ်ပါတယ်။
မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်း ဒွါရ (၆)ပါး၊ အာရုံ (၆)ပါး၊
ဝိညာဉ် (၆)ပါး၊ ဖဿ (၆)ပါး၊ ဝေဒနာ (၆) ပါးဆိုတဲ့ ဆက်သွယ် ဖြစ်ပေါ်လာတဲ့
ဒီသဘာဝတရားတွေကို ရှုမှတ်ရင်း ၀ိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး
ကိလေသာ အာသဝေါတွေ ကုန်ခမ်းတဲ့ ရဟန္တာအဖြစ် ရောက်သွားပါတယ်။
{ ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊ ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment