လောကမှာ လူဆိုတာ အပေါင်းအသင်း မိတ်ကောင်းဆွေကောင်း လိုအပ်တယ်ဆိုတာ
ကိုတော့ လူတိုင်းလက်ခံပါတယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးဟာ မိတ်ကောင်းဆွေကောင်းလဲ ဆိုတာကျ
တော့ လူတိုင်းမသိနိုင်ပါ။ ဘ၀ကြီးပွားတိုးတက်ရေးအတွက် မိတ်ကောင်းဆွေကောင်း လိုအပ်ပါ
တယ်။ ဘ၀သံသရာဝဋ်မှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုဖို့ အတွက်လည်း
မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ လောကီရေးကိစ္စမှာဖြစ်ဖြစ်၊ လောကုတ္တရာရေး ကိစ္စ
မှာဖြစ်ဖြစ် မိတ်ကောင်းဆွေကောင်းဟာ အလွန်အရေးကြီးပါတယ်။
မိတ်ဆွေကောင်းတို့ရဲ့ အင်္ဂါရပ်တွေကတော့====
၁။ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးခြင်း။
၂။ပြုနိုင်ခဲသော အမှုကိစ္စကို ပြုလုပ်နိုင်ခြင်း။
၃။သည်းခံနိုင်သော အရာကို သည်းခံခြင်း။
၎။မိမိ၏လျှို့ ဝှက်အပ်သော အရာကို မိမိ၏အဆွေခင်ပွန်းအား ဖွင့်ဟပြောကြားခြင်း။
၅။မိမိမိတ်ဆွေ၏လျှို့ ဝှက်အပ်သော အရာကို လျှို့ ဝှက်ထားခြင်း။
၆။ဘေးရန်အန္တရာယ် တွေ့ကြုံလာသောအခါ၌ မိမိ၏မိတ်ဆွေကိုစွန့် ပစ်မထားခြင်း။
၇။ပစ္စည်းဥစ္စာ ကုန်ခန်းပျက်စီးခြင်းကြောင့် မိမိ၏မိတ်ဆွေအား အထင်သေး၍
မိမိကိုယ်ကိုမူ အထင်ကြီးမောက်မာပြီး မထေမဲ့ပြင် မပြုတတ်ခြင်းတို့ ဖြစ်ကြပါတယ်။
ဒါကြောင့် မိတ်ကောင်းဆွေကောင်းဆိုတာ လိုအပ်သလို၊ မိမိတို့ကိုယ်တိုင်ကလည်း
အများရဲ့ မိတ်ကောင်းဆွေကောင်းဖြစ်အောင် ကြိုးစားကြဖို့၊ မိမိတို့ ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တွေ
လည်းပဲ တကယ့်မိတ်ကောင်းဆွေကောင်းတွေဖြစ်ဖို့ အာရုံထားပြီး ကျင့်ကြံကြိုးကုတ် အားထုတ်
နိုင်ကြပါစေ ကုန်သတည်း။ ။
{အဂုင်္တ္တိုရ်ပါဠိတော်၊သတ္တကနိပါတ်၊ပဌမမိတ္တသုတ်၊ ကို ကိုးကားရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
----------------------------------------------------------------------------------------
“ များလှ ကျေးဇူးတွေ ”
==============
ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်
လူတော်အများ၊ စိတ်ကောင်းထားလည်း
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ မသိရ
များလှ အပြစ်တွေ။ ။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ သိကြရ
များလှကျေးဇူးတွေ။ ။
(အရှင်ဇနကာဘိဝံသ)
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment