ဗုဒ္ဓမြတ်စွာဘုရားဟာ စိတ်တခုကိုနိုင်အောင်ထိန်းဖို့ ဆုံးမသွန်သင်ခဲ့တာကိုတော့ အားလုံးသိပြီးသာဖြစ်မှာပါ၊ စိတ်ကလေး
ထားတတ်နိုင်အောင်ကြိုးစားရတာလည်း တော်တော်ကို မလွယ်လှပါဘူး၊
လူတယောက်ရဲ့ခန္ဓာကိုယ်မှာ စိတ်ကဘဲဦးဆောင်ပါတယ်၊ အိပ်ချင်တာလဲဒီစိတ်၊
စားချင်တာလည်းဒီစိတ်၊ သွားချင်တာ ကုန်ကုန်ပြောရရင်တော့ ချင်တာမှန်သ၍
စိတ်ကြောင့်ချည်းပါဘဲ၊ ပုထုဇဉ်တိုင်း
ဟာ ကိလေသာ (၁၀)ပါး ရှိနေတုန်းပါ၊ ကိလေသာ(၁၀)ပါးဆိုတာက( လောဘ၊ဒေါသ၊ မောဟ၊
မာန၊ ဒိဌိ၊ ဝိစ္ဆိကိစ္စာ၊ ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ အနောတ္တပ္ပ) ကိုခေါ်ပါတယ်၊
တနေ့တနေ့စဉ်းစားကြည့်ကြပါ၊
ကုသိုလ်နဲ့ အကုသိုလ်ဘယ်ဟာက ပိုများလဲလို့၊
မနက်မိုးလင်းအိပ်ရာထတဲ့အချိန်ကစလို့ ညအိပ်ရာဝင်တဲ့အချိန်ထိ ငါဒီနေ့
ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် ဘယ်ဟာက ပိုများလဲ သုံးသပ်ကြည့်ရင်
သိနိုင်ပါတယ်၊ ကျမလဲ နေ့စဥ့်ဒီလိုဘဲ သုံးသပ်ကြည့်မိပါတယ်၊
အကျင့်ရသွားတဲ့အခါ တော်တော်အဆင်ပြေပါတယ်၊
အားလုံးသောမိတ်ဆွေများကိုလည်းတိုက်တွန်းအပ်ပါတယ်၊
…
လောကမှာ လူရယ်လို့ဖြစ်လာရင် အဓိပ္ပါယ်ရှိစွာနေတတ်ရတယ်ဆိုတဲ့စကား
ကြားဖူးပါတယ်၊ ခဏလာတဲ့ လူ့ဘဝလေးမှာ ကျင်လည်နေခိုက် အဓိပ္ပါယ်ရှိတဲ့အလုပ်၊
အပြောအဆို၊ အနေအထိုင်
အားလုံးကို ဆင်ခြင်နေထိုင်ရမှာက သူများမဟုတ်ဘူး
မိမိပါ၊ မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားရမယ်၊ တဖက်သားအပေါ်ကို
မိမိကဲ့သို့စိတ်ထားပြီး သနားကျင်နာရမယ်၊ ကိုယ်ပြောလိုက်တဲ့စကားလေး
တခွန်းကြောင့် သူများစိတ်အနှောက်အရှက်မဖြစ်အောင် သတိနဲ့
ထိန်းသိမ်းပြောဆိုရမယ်၊ စိတ်မထိန်းနိုင်တဲ့ အတွက်ကြောင့်
မှားပြီးရင်းမှားရင်းတွေ များသောအားဖြင့်ရှိကြပါတယ်၊ တချို့ဆိုရင်
မိဘတောင်ပြန်သတ်တာမျိုးရှိပါတယ်၊ ဒါလည်းစိတ်ကရှေ့ကသွားလို့သာဖြစ်တာပါ၊
ကံ(၃) ပါးမှာ ကာယကံ၊ ဝစီကံ၊ မနောကံလို့ရှိပါတယ်၊ ကာယကံနဲ့ဝစီကံဟာ မနောကံ
မဖြစ်ဘဲနဲ့ လုံးဝပြုလုပ်
ပြောဆိုလို့မရပါဘူး၊ မနောက(စိတ်)ထဲက ဖြစ်ပြီးမှသာ
ပြုလုပ်ပြောဆိုလို့ရနိုင်ပါတယ်၊ စိတ်နဲ့ပတ်သက်ပြီး
ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့တာက စိတ်သာလျှင်ရှေ့သွားရှိကုန်သည်၊ စိတ်သာလျှင်
အကြီးအမှူးရှိကုန်သည်၊ စိတ်ဖြင့်သာပြီးကုန်သည်၊
မကောင်းသောစိတ်ဖြင့်ပြောဆိုပြုလုပ်လျှင် လှည်းဘီးသည် ဝန်ဆောင်နွားခြေရာကို
အစဉ်လိုက်သကဲ့သို့ မကောင်းမှူ့ ပြုလုပ်သူနောက်သို့
မကောင်းမှူ့သည် အစဉ်လိုက်သည်လို့ ဟောကြားခဲ့သလို
ကောင်းမှူ့ပြုသူနောက်သို့လည်း အရိပ်သည်အစဉ်လိုက်သကဲ့သို့
ကောင်းမှူ့ချမ်းသာအစဉ်လိုက်သည်လို့ ဥပမာပေးဟောကြားတော်မှု
ခဲ့ပါတယ်၊ တချို့သောလူတွေ ပြောတာရှိပါတယ်၊ ဒီဘဝဒီကိုယ်စံ၊
နောင်ဘဝနောက်ကိုယ်ခံတဲ့၊ အဲဒါမဟုတ်ပါဘူး၊ နောင်ဘဝလည်းဒီကိုယ်ဘဲခံရမှာပါ၊
ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့တဲ့ ဥပမာအတိုင်း
ကိုယ့်ရဲ့ ကောင်းမှူ့ မကောင်းမှူ့ဟာ
ကိုယ့်နောက်မှာထပ်ချပ်မကွာလိုက်နေမှာပါ၊ အားလုံးသော မိတ်ဆွေများကိုလည်း
ဘဝမြတ်ဖို့အတွက် စိတ်ထားကောင်းတွေ ထားနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်ပါ။
Happy New Year 2015 ,မှာ မိတ်ဆွေများအားလုံး စိတ်ချမ်းသာကိုယ်ကျမ်းမာ၍ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ။
မေတ္တာဖြင့်(Aye Aye Cho)
No comments:
Post a Comment