Tuesday, January 6, 2015

သညာသိမျှဖြင့် ထူးခြားတဲ့အသိ မဖြစ်နိုင်။

     ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်သိတဲ့ ပညာသိဖြင့်သာ ထူးခြားတဲ့ အသိဉာဏ်ကို
ဖြစ်စေနိုင်ကြောင်း၊ ကျက်မှတ်ပြီးသိတဲ့ သညာသိမျှဖြင့် အဖန်ဖန် ဆင်ခြင်နေပေမယ်လို့ ထူး
ခြားသော အသိဉာဏ်ကို မဖြစ်စေနိုင်ကြောင်းကိုလည်း လက်တွေ့စမ်းသပ်ကြည့်ရန် အောက်ပါ
အတိုင်း ပြဆို ထားပါသည်။

         “ အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်များက ပြထားတဲ့အတိုင်း သရုပ်ခွဲပုံကို ကျက်မှတ်ပြီး ဆင်
ခြင်နေရုံမျှဖြင့် ဒီလို ထူးခြားတဲ့ဉာဏ်အမြင် ဖြစ်ပါမည်လား ?။ မူလက ကျက်မှတ်ထားပြီးထက်
ထူးခြားတဲ့ အသိအမြင် ဖြစ်ပါမည်လား ?။ မစဉ်းစား မဆင်ခြင်ဘဲ ပစ်ထားရင် ကျက်မှတ်ပြီး
သားတွေတောင် မေ့ပျောက်မသွားပေဘူးလား၊ အဲဒါ ဘာကြောင့်လဲဆိုရင် ကိုယ်တိုင်တွေ့ပြီး
သိတဲ့ ပညာသိ မဟုတ်ဘဲ ကျက်မှတ်ထားတဲ့ သညာသိမျှ ဖြစ်လို့ပဲ ဆိုတာ ထင်ရှားပါတယ်။ ။
{ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဓမ္မစကြာတရား
        တော်မှ ကူးယူရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
  
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment