အကြင်ရဟန်းဟာ လက်ဖျောက်တစ်ချက်တီးလောက် မေတ္တာဘာဝနာ ပွားများ
မယ်ဆိုရင် လက်ဖျောက်တစ်ချက်တီးလောက် မေတ္တာပွားများတဲ့ ပုဂ္ဂိုလ်ရဲ့ အဲဒီ
မေတ္တာဘာဝနာဟာ တိုင်းသူပြည်သားတို့ရဲ့ဆွမ်းကို အချည်းနှီးမဖြစ်အောင် ရွက်
ဆောင်ပေးတဲ့ပုဂ္ဂိုလ်တဲ့၊ မေတ္တာပွားများပြီးတော့ ဆွမ်းစားတဲ့ပုဂ္ဂိုလ်ဟာ ပိုင်စိုးပိုင်
နင်းနဲ့ အရှင်သခင်အဖြစ်နဲ့ ဆွမ်းကို စားခြင်းမည်တယ်၊ စားရာရောက်တယ်၊ ကြွေး
ကင်းတဲ့ ကြွေးမတင်တဲ့စားခြင်းဖြင့် စားရာရောက်တယ်၊ ဘုရားရှင်ကိုယ်တော်မြတ်
၏ အမွေကိုခံသောအားဖြင့် စားခြင်းမည်တယ်၊ စားရာရောက်တယ်၊ ဒါကြောင့်မို့
လို့ မေတ္တာပွားများတဲ့ရဟန်းတွေကို လှူရတန်းရ ပူဇော်ရခြင်းဟာ အင်မတန် အ
ကျိုးကြီးတဲ့အကြောင်း ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတယ်။
သပြေကန်ဆရာတော်
(တရားတော်ပေါင်းချုပ် မှ)
No comments:
Post a Comment