Tuesday, January 27, 2015

ဗုဒ္ဓအရှင်နဲ့ ကောသလ ဘုရင်

ကောသလမင်း ကို သောက္ကတီယကျမ်းတွေမှာတော့ ဘုရားလောင်းလို့ တိုက်ရိုက် ပြထားတယ်ဘုရားဟောမူရင်းမှာကျ မပါဘူး
ဒီတော့ ဘုရားလောင်းမဟုတ်ဘူး ဒီလိုလည်း တပ်အပ်ဟြေလို့မရနိုင်သေးဘူး ဘုရားရှင် တရားဟောတဲ့အခါ ဥပမာပေးရင် ဂုဏ်

ရည်တူခြင်းကိုသာ အနီးစပ်ဆုံးပေးတယ် ဗုဒ္ဓဝင်အရပြောမယ်ဆို သိဝိမင်းဇာတ်တော်က ကောသလမင်းကို အကြောင်းပြုပြီးေ

ဟာတာ ကောသလမင်းက အသဒိသအလှူကို လှူပြီး နောက်နေ့ အသဟြတစ်သိန်းတန်အပေါ်ရုံကို လှူလို့ ရဟန်းတွေက ချီးမွမ်း



တဲ့အခါဒီလောက်လေးနဲ့ မချီးမွမ်းလောက်သေးဘူး ပညာရှိသူတော်ကောင်းတွေဟာ သာမန်ပစ္စည်းကိုမဟြေနဲ့ ကိုယ်အင်္ဂါတွေကို

တောင် ရက်ရက်ရောရောလှူခဲ့ဖူးပြီ ဆိုပြီးသိဝိမင်းဇာတ်တော်ကို ဟောတယ် ဒီနေရာမှာ သေချာစဉ်းစားကြည့် ဘုရားလောင်းနဲ့

သာမန်လူဆိုတာ နှိုင်းလို့ မရစကောင်းဘူးဒါ့ကြောင့် တိုက်ရိုက်ဟောထားတာ မတွေ့တာပဲ ရှိတယ် ဂုဏ်ရည်တူချင်းသာခိုင်းနှိုင်း

တတ်တဲ့အတွက်အထကောက်ရင် ဘုရားလောင်းလို့ အဖြေထွက်တယ် ဒါက စဉ်းစားတာကိုဟြေတာ နောက်တစ်ခုရှိတယ်
မြတ်စွာဘုရားရှင်တို့မည်သည် အကျိုးမရှိဘူးလို့မြင်ရင်စကားတခွန်းတောင် ဟြေရိုးမရှိဘူးအာဠဝီပြည်ကို ရက်ကန်းသည်မလေးကို

ချွတ်ဖို့ကြွတုံးကအဲဒီ ရက်ကန်းသည်မလေးမှတပါး တခြားဘယ်သူမှ မကျွတ်နိုင်တာကို သိတော်မူလို့ ရက်ကန်းသည်မလေး မလာ

မချင်းဘာတခွန်းမှ မဟောပါဘူးဒီတော့ ကောသလမင်းကို ဘာကြောင့် တရားတွေ အများကြီးဟောလည်းဘုရင်မို့ လာဘ်ရအောင်

ဟောတာလား ဒါလည်း မဖြစ်နိုင်ဘူးဦးရီးတော် သုပ္ပဗုဒ္ဓမင်းမြေသာမြိုသွားတယ် ဘုရားဘာမှဟောမသွားဘူးဒါကိုကြည့်ရင် ဘုရားက

ကောသလမင်းကို တရားတွေ စွတ်ဟောတာ ကျွတ်လိမ့်နိုးနိုးနဲ့ ရမ်းဟောတာလည်း မဟုတ်လာဘ်ရှာတာလည်း မဟုတ်ဘူး
သစ္စကကိုပဲကြည့်ဘုရားဟောသွားတာတွေ အများကြီးပဲ သူ့ခမြာ သရဏဂုံတောင် တည်မသွားရှာဘူးဒါဖြင့် ဘာလို့ဟောလည်းဆို

တော့ ခုဟောလိုက်တဲ့ တရားအထုံကြောင့် နောင်အခါ သီဟိုဠ်ခေတ် သာသနာထွန်းကားချိန်မှာ ရဟန္တာဖြစ်မှာကို သိတော်မူလို့

ဟောတယ်ဒီတော့ သေချာဝေဘန်မယ်ဆို တရားအသွားအလာရ တိုက်ရိုက် ဘုရားလောင်းလို့တော့ မယူရဲ စောစောကလို စဉ်းစား

ရင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အကြောင်းထူးတခုခုရှိလို့သာ ဘုရားက ကောသလမင်းကို တရားအများကြီး ဟောတယ်လို့ ယူဆပါတယ်
(ဇော်ထက်မောင်)ကျေးဇူးပြုသည်...။

No comments:

Post a Comment