Friday, February 6, 2015

“ယမမင်းသည် ထာဝရ မြဲသလား၊ ပြောင်းဖြစ်သလား”

မမြဲပါ။ ဘုရားရှင်သည်ပင် နုစဉ်အခါက ယမမင်းဖြစ်ခဲ့ဖူးကြောင်း မိန့်တော်မူဖူးပါသည်။

ငါသည် ရှေးယမမင်းဖြစ်စဉ်အခါက မကောင်းမှုအကုသိုလ်ပြုကုန်သူတို့သည် အထူးထူးအပြားပြား
ညှဉ်းပမ်းနှိပ်စက်မှုများကို ခံစားရသည်ကို မြင်သောအခါ-

၁။ ငါသည် လူ့အဖြစ်ကို ရရင် ကောင်းမှာပဲ။


၂။ ထိုအခါ လောကမှာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ပွင့်ရင်ကောင်းမှာပဲ။

၃။ ထိုဘုရားရှင်ကို ဆည်းကပ်ရရင် ကောင်းမှာပဲ။

၎။ ထိုဘုရားရှင်သည် ငါ့အား တရားဟောရင် ကောင်းမှာပဲ။

၅။ ငါသည် ထိုဘုရားရှင်၏ တရားကို သိနားလည်ရင် ကောင်းမှာပဲ။

ဟု အကြံဖြစ်ခဲ့ဖူးသည်။

‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ယမဿ ရညော ဧတဒဟောသိ – ‘ယေ ကိရ, ဘော, လောကေ ပါပကာနိ
အကုသလာနိ ကမ္မာနိ ကရောန္တိ တေ ဧဝရူပါ ဝိဝိဓာ ကမ္မကာရဏာ ကရီယန္တိ။ အဟော ဝတာဟံ
မနုဿတ္တံ လဘေယျံ။ တထာဂတော စ လောကေ ဥပ္ပဇ္ဇေယျ အရဟံ သမ္မာသမ္ဗုဒ္ဓေါ။ တဉ္စာဟံ
ဘဂဝန္တံ ပယိရုပါသေယျံ။ သော စ မေ ဘဂဝါ ဓမ္မံ ဒေသေယျ။ တဿ စာဟံ ဘဂဝတော ဓမ္မံ
အာဇာနေယျ’န္တိ။ (ဥပရိပဏ္ဏာသပါဠိ၊ ၂၂၄။)

အရှင်ဝေဠုရိယ(ဓမ္မရိပ်ငြိမ်)မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။

No comments:

Post a Comment