" သိဒ္ဓိဆိုတာ ပြီးစီးပြည့်စုံတာကို ခေါ်တယ်။ ပြီးစီးအောင်၊ ပြည့်စုံအောင်ဆိုတာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရတယ်။
ဆရာတော် တောင်ပေါ်မှာ အခု ပြည့်စုံနေတာဟာလည်း လုပ်သင့်လုပ်ထိုက်တာကို
လုပ်လို့ပဲ။ လာလာသမျှ ပရိတ်သတ်တွေကို တစ်နေ့တစ်နေ့ ဆန်ရှစ်အိတ်ချက်လောက်
နေ့စဉ်ကျွေးထား နိုင်တယ်ဆိုတာလည်း ကျွေးနေလို့ ကျွေးနိုင်တာ။ မ ကျွေးရင် ကျွေးစရာကလည်း ဘယ်ကမှ ရောက်မလာဘူး။ လှူနိုင်တယ်ဆိုတာ လှူနေလို့ပဲ။ ဒါန သီလ ဘာဝနာမပါဘဲ အလိုလို မပြီးနိုင်ဘူး "
..............................
the eXistence မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၂၄၁) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment