Wednesday, April 8, 2015

စူဠသောတာပန်နှင့်ပတ်သက်၍ ညောင်လေးပင်တောရဆရာတော်၏ သြ၀ါဒ။


         ဒုလ္လဘသာသနာ တွေ့ကြုံပါလျက် စူဠသောတာပန်မဖြစ်ဘဲ သေလျှင် ရှက်ဖွယ်ကောင်း
သော သေရခြင်းသာ ဖြစ်လတ္တံ့။ ဘုရားရှင်လက်ထက်တော်၌ တစ်မဂ်တစ်ဖိုလ်မဖြစ်ဘဲ သေသူများကို အများဝိုင်း၍ ကဲ့ရဲ့ကြသတတ်၊  စူဠသောတာပန်မဖြစ်ဘဲ သေသူများကိုလည်း အသေခံ
ရဲဝံ့လေစွာ ယမမင်း၏ တူလော- သားလော- ဆွေမျိုးလောဟု မေးထိုက်၏။

         ထို့ကြောင့် ရှက်တတ် ကြောက်တတ်သူသည် မသေမီ စူဠသောတာပန် အယုတ်ဆုံးဖြစ်
အောင် ရုပ်နာမ်တို့၏ အကြောင်းကို သိမ်းဆည်းအပ်၏။ ကြိမ်ဖန်များစွာ သိမ်းဆည်းနိုင်ကြပါစေ
သတည်း။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ အပါယ်မကျလိုသူများဖတ်ရန်နှင့် သေခါနီးစိတ်ထား မှ
  ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment