Saturday, May 16, 2015

တရားအားထုတ်ရာတွင် တွေ့ရမည့် အတားများ။

       တရားအားထုတ်တဲ့အခါ တရားအသိဉာဏ်တွေ မရအောင် မတိုးတက်အောင် နှောက်
ယှက်ပိတ်ဆို့ တားထားတတ်ကြပါသည်။ စိတ်ယုတ်များဖြစ်ကြသည်။
 ၁။ ကာမစ္ဆန္ဒ နိဝရဏ။  ။ အဆင်း၊ အနံ့၊ အသံ၊ ခံစားမှု ကြံစည်မှု အာရုံတွေအပေါ်မှာ နှစ်သက်
လာပြီး မခွဲချင်အောင် နှစ်သက်စွဲလမ်းမှု၊ တဖက်ရှိ ၀တ္ထုအာရုံတို့အပေါ်၌ ရယူလိုစိတ်များ။
(လောဘ)

  ၂။ ဗျာပါဒ နိဝရဏ။  ။ စိတ်မှာ ပူဆွေးသောကဖြစ်စေမယ့် ဒေါသတွေဖြစ်နေမယ်။ သူတစ်ပါး
ကို မကောင်းမြင်၊ မကောင်းကြံစိတ်တွေ လွှမ်းမိုးကြီးစိုးတာမျိုးတို့ကို မရမချင်း မခံချင်စိတ်
ထန်ပြင်းစိတ်များ ပြင်းပြခြင်း။ (ဒေါသ)
  ၃။ ထိနမိဒ္ဓ နိဝရဏ။  ။ စိတ်ရောကိုယ်ပါ ညှိုးနွမ်းစေပြီး ထိုင်းထိုင်းမှိုင်းမှိုင်း အိပ်ချင်ငိုက်ချင်
စိတ်က ဖိစီးတာမျိုး၊ ထင်သလို ဖြစ်မလာသဖြင့် ထိုင်းမှိုင်းခြင်းများ။ (မောဟ)
  ၄။ ဥဒ္ဓစ္စ နိဝရဏ။  ။ စိတ်ဟာ ပစ္စုပ္ပန်မှာ မရှိတဲ့အတွက် အတိတ် အနာဂတ်တွေဆီကို ပျံ့လွင့်
တာမျိုး၊ ခုလုပ်နေတဲ့ တရားအားထုတ်မှုမှာ နာမှာလား ?  ကျင်မှာလား ?  စိုးရိမ်မှုတွေ၊ စိတ်
ကူးနေမှုတွေ စိတ်မပါတော့သဖြင့် လက်ရှိမှ အပြင်ထွက်ခြင်း၊ နောင်တဖြစ်ခြင်းများ။ (ဒေါသ)
  ၅။ ၀ီစိကိစ္ဆ နိဝရဏ။  ။ တွေဝေစိတ်တွေဝင်ရောက်ပြီး တရားထိုင်နေတာ၊ လုပ်ကိုင်ဆောင်
ရွတ်နေတာတွေဟာ ဟုတ်မှဟုတ်ရဲ့လားလို့ စဉ်းစားဝေဖန်တတ်သူ၊ ကြံစည်စိတ် ၀ိတတ်များ
သူတွေဟာ ပိုပြီးအဖြစ်များပါသည်။ စိတ်လေ များနေသဖြင့် ရှေ့ရေးတွေးကာ ချီတုံ ချတုံ
ဖြစ်ခြင်း။ (မောဟ)
  ၆။ အ၀ိဇ္ဖာ နိဝရဏ။  ။ အ၀ိဇ္ဇာဆိုတာ အမှန်ကို မမြင်စေတဲ့သဘော၊ ဘာမှ ရေရေရာရာ
မသိတဲ့သဘော ဖြစ်သည်။ အကြောင်းအကျိုးတွေကို မသိအတ္တအစွဲ၊ ငါစွဲကိုပဲ စွဲလမ်းယူဆ
နေတဲ့သဘော ဖြစ်တာမို့ သစ္စာတရားကို သိမြင်ဖို့ အရေးအကြီးဆုံး အဟန့်အတား၊ အဆိုး
ဆုံးတရားဖြစ်ပါတယ်။
    { မြင့်ရွှေ(ပေါင်းတည်) ၏ မူကြိုတို့အတွက် ၀ိပဿနာနှင့် အပူစုံပူပူလေး မှ
  ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment