Thursday, May 14, 2015

“စိတ်မဲများကို ဖြူစင်စေသည့် နည်း ( ၆ ) မျိုး”

မဲသည့်စိတ်ကို၊ ဖြူစေလိုသော်၊
ထိုထိုအာရုံ၊ ညစ်မျိုးစုံနှင့်၊
မကြုံတွေ့စေ၊ မမွေ့စေဘဲ၊
ပြောင်းလေဖုံဖုံ၊ ကောင်းအာရုံတည့်၊
နုလုံပဋိ၊ ဉာဏ်ချိန်ညှိလော့၊
ပို့ဘိမေတ္တာ၊ သမထာနှင့်၊
ပွားရာဝိပသ်၊ နည်းခြောက်ရပ်တွင်၊

သင့်မြတ်ရာသုံး၊ ဖြူစိတ်ဖုံးသည်၊
သက်လုံးချမ်းသာ လိမ့်မည်တည်း။ ။
 {၁၉၈၃ ခု အောက်တိုဘာလ။ ချမ်းမြေ့ဆရာတော် အရှင် ဦးဇနကာဘိဝံသ၏
 ဆင်းရဲငြိမ်းအေး ချမ်းသာရေး  တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment