သန့်ရှင်းကြည်လင်၊ ကြေးမုံပြင်ဝယ်၊
သင့်သွင်ရူပ၊ လှ မလှကို၊
နေ့ညမရွေး၊ ကြည့်စစ်ဆေး၍၊
ယင်ချေးမှဲ့ပြောက်၊ ၀က်ခြံပေါက်နှင့်၊
ညှင်းပြောက်တင်းတိမ်၊ ဖုအကျိတ်ကို၊
ဆေးသိပ်ပယ်ရှား၊ ပမာလားသို့၊
မြတ်ဖျားဗုဒ္ဓ၊ ဟောညွန်ပြသည့်၊
ဓမ္မကြည်လင်၊ ကြေးမုံပြင်ဝယ်၊
သင့်သွင်မန၊ စိတ်အလှကို၊
နေ့ညမရွေး၊ တင်စစ်ဆေးလော့၊
ညစ်ကြေးကိလေ၊ တွေ့ခဲ့ပေသော်၊
ခြောက်ထွေနည်းဖြင့်၊ ပျောက်စေလွင့်မှ၊
မလင့်မကြာ၊ သင့်ခန္ဓာသည်၊
ချမ်းသာဖုံးလိမ့် မှန်စွာတည်း။ ။
{၁၉၈၃ ခု အောက်တိုဘာလ။ ချမ်းမြေ့ဆရာတော် အရှင် ဦးဇနကာဘိဝံသ၏
ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment