Friday, May 22, 2015

ဗုဒ္ဓသာသနာနှင့် " ရဟန်းအမျိုးမျိုး ” ။

     လူဝတ်ကြောင်များက သာသနာ့ဘောင် ၀င်ရောက်၍ ရဟန်းဝတ်လျှင် ကုသိုလ်ရသည်၊ ငရဲမကျ
ဟု ထင်ကြသည်။ အမှန်မှာ ရဟန်းဝတ်ရရုံဖြင့် ကုသိုလ်ရလှသည်တော့ မဟုတ်ပါ။ ရဟန်းဝတ်ပြီး မိမိ
တို့ နှင့်ဆိုင်သော  သိက္ခာပုဒ် သီလများကို မကျိုးမပေါက်အောင် ဂရုစိုက် ထိန်းသိမ်းနိုင်မှ ကုသိုလ်ရ
ပါသည်။ သို့ မဟုတ်က(လူဝတ်ကြောင်လို) ထိုင်နေရုံမျှဖြင့် အပြစ်အာပတ် သင့်ပြီး နေတတ်ပါသည်။
      လယ်တီဆရာတော် ဘုရားကြီးက==(၁)သဒ္ဓါပဗ္ဗဇိတ၊ (၂)ပညာပဗ္ဗဇိတ၊ (၃)ဘယာပဗ္ဗဇိတ ဟု

ရဟန်းသုံးမျိုး ရှိကြောင်းမိန့် ကြားထားပါသည်။ ထိုသုံးမျိုးတို့ တွင် ====
      (၁)သဒ္ဓါပဗ္ဗဇိတ--ဟူသည် ရတနာသုံးပါးနှင့် ဘုရားအဆုံးအမ သာသနာကို သဒ္ဓါကြည်ညိုစိတ်
ဖြစ်ကာ သံသရာဝဋ် ဆင်းရဲမှ လွတ်မြောက်လိုသောကြောင့် ရဟန်းဝတ်သော သူတည်း။ ဘုရားအ
ဆုံးအမ သာသနာကို တကယ်ကြည်ညိုပြီး ကျင့်ကြံမည်ဟူသော စိတ်ထားဖြင့် သာသနာ့ဘောင် ၀င်
ရောက်လာသူ  ဖြစ်သည်။ ထို သဒ္ဓါပဗ္ဗဇိတ ရဟန်းမျိုးသည်သာ ဘုရားအဆုံးအမ သာသနာကို ယုံ
ကြည်လေးစားသော သဒ္ဓါတရား ရှိခြင်းကြောင့် သီလသက္ခာပုဒ်များကိုလည်း သိရှိအောင်လေ့လာ
ထိုသိရှိလာသော သီလသိက္ခာပုဒ်များကိုလည်း မကျိုးမပေါက်ရအောင် အလေးဂရုပြု၍ စောင့်ထိန်း၏
   ဤသို့ သိက္ခာပုဒ်များကို စောင့်ထိန်းနိုင်မှ ကုသိုလ်ရ၍ ရဟန်းပြုရကျိုး နပ်၏။
      (၂)ပညာပဗ္ဗဇိတ--ဟူသည်  ဗုဒ္ဓ၏ပိဋကတ်ကျမ်းဂန် စာပေ အသိပညာ၊ အတတ်ပညာတွေရလို
လို့ ရဟန်းဝတ်သူတည်း။
      (၃)ဘယာပဗ္ဗဇိတ--ဟူသည် လူ့ လောက၌ စားဝတ်နေရေး၊ အနေမရှောင်၊ ရဟန်းဘောင်မှာ
အဆင်ပြေလေမလားလို့  သာသနာ့ဘောင် ၀င်ရောက်လာသူ၊ အနာရောဂါ၊ ကျန်းမာရေး၊ ချွတ်ယွင်း
နေမှု အခြေအနေအရ ဗေဒင်ယတြာ အခြေအနေအရ သာသနာ့ဘောင် ၀င်ရောက်ရဟန်းခံသူတည်း။
      ဤသို့ သီလ သိက္ခာပုဒ်များကို သိအောင်မလေ့လာ၊ သွားကာ၊ လာကာ၊ စားကာ၊ သောက်ကာ
နေကြသော ဘယာပဗ္ဗဇိတ မျိုးရဟန်းမှား အတွက်ကား မစဉ်းစား၊ မတွေးဝံ့စရာပင် ဖြစ်ပါသည်။ ယ
တြာချေ၊ ဗေဒင်ဟော၊ စသည့်သဘောကြောင့်ကား သာသနာတော်ကို နွားခြံမလုပ်သင့်ပေ။  ထို့ 
ကြောင့် ရဟန်းဝတ်ခြင်းသည် သိက္ခာပုဒ်များကို မသိနားမလည်၊ မစောင့်ထိန်းတတ်၊ မစောင့်တိန်းနိုင်
ပါက ငရဲလမ်းသို့ ဖြောင့်တန်း  နေတတ်ပေသည်။
      သာသနာ့ဘောင် ရဟန်းအဖြစ်ဖြင့် ၀င်ရောက်မည်ဆိုလျှင် ရှောင်ကြဉ်သင့်သည်ကို ရှောင်ကြဉ်၊
လိုက်နာကျင့်ကြံ သင့်သည်တို့ ကို လိုက်နာကျင့်ကြံကာ အကုသိုလ်အပြစ်တို့  မဖြစ်ဘဲ၊ အပါယ်ဘေးမှ
ကင်းဝေးကာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန် မဂ်,ဖိုလ်ကို မျက်မှောက်ပြုနိုင်ကြပါစေ။
 {လယ်တီဆရာတော် ဘုရားကြီး၏ ဩ၀ါဒနှင့် ဘိုကလေး အရှင်ပဏ္ဍိတ၏ ရဟန်းခံ နည်းလမ်းမှန် ကို
     ကိုးကားရေးသား ပူဇော်ပါသည်။ }
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment