ဘဝလက်တွဲဖော် ဆိုတာရွေးလို့ရပါတယ်ဆိုတာ ဓမ္မစအုပ်တစ်အုပ်မှာ ဖက်ဖူးတယ်။
သေချာစဉ်းစားကြည့်ရင် တကယ်လည်းဟုတ်ပါတယ်၊
ရွေးလို့မရတာက မိဘ ညီ အစ်ကို မောင်နှမ ဆွေမျိုးတွေပါ၊
ဘဝလက်တွဲဖော်ဆိုတာတော့ ရွေးလို့ရပါသေးတယ်။
ကျွန်တော်တို့အားလုံးက သံသရာလည်ခဲ့တာ မနည်းလှဘူး၊
အဲ့တော့ ရွေးတတ်ရမယ်၊ ဉာဏ်နဲ့ စဉ်းစားရမယ်၊ အကျိုးဆက်တွေကိုလည်းမြင်ထားရမယ်၊ ခံနိုင်ရည်ရှိရမယ်။
ကံမှာပါလို့ပါဆိုပြီ မျက်စိမှိတ် ယူလိုက်ပြီမှ ဒုက္ခရောက်တာမျိုး၊
ဘာသာခြားနဲ့ယူပြီး ဒုက္ခရောက်တာမျိုးတွေ မဖြစ်ရအောင်လို့ပါ။
ဆရာတော်ဦးဇောတိက ပြောသလိုပဲ
"အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး ဆောက်သွားတဲ့အခါမှာ
အိမ်တစ်အိမ် ဖြစ်လာသလိုပဲ အဲဒီဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ
လူတစ်ယောက်ဖြစ်လာတယ်။"
ကံပေါ်မှာလည်း မူတည်သလို ကိုယ့်ဆုံးဖြတ်ချက်ပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။
ကံကိုပုံအပ်ပြီး ဆူးပုံနင်းရင်တော့ ဆူးစူးမှာပါပဲ။
English Sayings လေးလည်း တခုရှိတယ်
"If you born poor it’s not your mistake but if you die poor it’s your mistake."
ဆင်းရဲတဲ့ မိသားစုမှာ မွေးလာတာဟာ ကိုယ့်အပြစ်မဟုတ်သေးဘူးတဲ့၊ ဆင်းရဲပြီးပဲ သေသွားတာကမှ ကိုယ့်အပြစ်ပါတဲ့။
ဒီတော့ ကံကို ယုံကြည်ရမယ်၊ ကံစေရာသွားဆိုတာမျိုးဟာ ဗုဒ္ဓဘာသာရဲ့ အယူမဟုတ်ဘူး။
ကောင်းကံတွေကို ဖန်တီးယူဖို့ ဆုံးဖြတ်ချက်တွေ ခိုင်ခိုင်မှာမှာနဲ့
ကိုယ့်ဘဝကို တည်ဆောက်သွားရမှာပဲ။ ခံစားတတ်တဲ့ နှလုံးသားကို
ဦးစားပေးရင်တော့၊ နှလုံးသားကပေးတဲ့ ဒုက္ခတွေကို ခံစားရဦးမှာပါပဲ။
ဒီတော့ သေသေချာချာ လေးလေးနက်နက်လေး စဉ်းစားပြီးတော့ ရွေးချယ်နိုင်ကြပါစေ။
မေတ္တာဖြင့် - the eXistence
No comments:
Post a Comment