Thursday, October 15, 2015

နတ်,ဗြဟ္မာများ အားပေး၍ မာရ်နတ် ကြောက်ရွံ့သော အလုပ်

'ဣတိဝုတ်ပါဠိတော်၊ ဒေဝသဒ္ဒသုတ်' ၌ မြတ်စွာဘုရား ဟောတော်မူသည်မှာ တန်ခိုးဣဒ္ဓိပါဒ် ကြီးမားသော သူတော်ကောင်း နတ်ဗြဟ္မာများ မာရ်နတ်နှင့် တိုက်ပွဲဝင်၍ ဝမ်းသာအားရ သာဓုခေါ် အားပေးသော အခါ သုံးမျိုးရှိ၏။


၁။ ရှင်,ရဟန်း ပြုသောအခါ၊
၂။ တရားစတင် အားထုတ်သောအခါနှင့်၊
၃။ ရဟန်းကိစ္စ ပြီးမြောက်သော အခါများ ဖြစ်ကြသည်။

တဖန် - 'ဝိသုဒ္ဓိမဂ် နေသဇ္ဇိကင်္ဂဓုတင်' ကိုပြရာ၌ -
အာဘုဇိတွာန ပလ္လင်္ကံ၊
ပဏိဓာယ ဥဇုံ တနုံ၊
နိသီဒန္တော ဝိကမ္ပေတိ၊
မာရဿ ဟဒယံ ယတိ။

''ယောဂီသည် တရားအားထုတ်ရန် တင်ပျဉ်ခွေလျက် အထက်ပိုင်းကိုယ်ကို ဖြောင့်မတ်စွာထား၍ ထိုင်လိုက်လျင်ပင် (ကမ္မဋ္ဌာန်း ရှုမှတ်ဖို့ တင်ပျဉ်ခွေ ထိုင်လိုက်ရုံမျှဖြင့်) မာရ်နတ်၏ နှလုံးသား တုန်လှုပ်ချောက်ချားသွားစေသည်'' ဟုဆိုလေသည်။

(ဓမ္မာစရိယ ဦးဌေးလှိုင် ရေးသော 'သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ' စာအုပ်မှ)

No comments:

Post a Comment