Wednesday, October 14, 2015

မထင်မရှားဖြစ်သော စိတ်များ။

   မိမိ၏ စိတ်ဖြစ်ပုံကို မိမိကိုယ်တိုင် စဉ်းစားကြည့်သောအခါ တချို့စိတ်၏ ဖြစ်ပုံသည်
ထင်ရှား၏။ တချို့စိတ်၏ ဖြစ်ပုံကား မထင်ရှား။ အိပ်ပျော်နေသောအခါ၌ စိတ်အစဉ်သည် ဖြစ်
မြဲ ဖြစ်နေ၏။ သို့သော် ဖြစ်ပုံကား မထင်ရှားချေ။ နိုးသောအခါမှာလည်း အမှတ်တမဲ့ မြင်ရ၊
ကြားရ၊ နံရ၊ ထိရသောအခါ စိတ်ဖြစ်ပုံ မထင်ရှား။ စိတ်ဖြင့် တွေးမိတွေးရာကို တွေး၍ ငေးမိ

ငေးရာကို ငေးနေသောအခါလည်း စိတ်ဖြစ်ပုံ မထင်ရှား။ ထိုသို့ မထင်ရှားသောအခါ ကုသိုလ်
ဇော၊ အကုသိုလ်ဇော စိတ်စေတနာတွေ ဖြစ်ပေါ်နေသော်လည်း ထို ဇောစေတနာများကြောင့်
“ မည်သည့်ကံတစ်ခုမျှ အထမမြောက်ဘဲ ” အမှတ်တမဲ့ မသိမသာဖြစ်သော ဇောစေတနာများ
သည် တစ်နေ့ အဖို့မှာ အတော်များစွာ ဖြစ်ကြသည်။ ။
{အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
     အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment