“သတိပဌာန် လမင်း”
============
ရှင်တော်ဗုဒ္ဓ၊ သာသနာ့ဝေဟင်၊
သတိပဌာန်လမင်း၊ ထိန်လင်းကြည်လင်၊
ရောင်ခြည်အေးမြ၊ ဖြာကျနေစဉ်၊
နိုးသူများ၊ ရှုပွား အပူစင်။ ။
ကာမဂုဏ်မှောင်တိုက်၊ အိပ်ငိုက်သူတွေ၊
လင်ရေးမယားရေး၊ ရှုပ်ထွေးလိမ်ပွေ၊
သားရေး သမီးရေး၊ ပူဆွေးဗျာပွေ၊
လရောင်နှင့်၊ တွေ့ခွင့်မကြုပေ။
အပူမီး၊ ထိန်ညီး တောက်လောင်နေ။ ။
{၁၉၈၃ ခု အောက်တိုဘာလ။ ချမ်းမြေ့ဆရာတော် အရှင် ဦးဇနကာဘိဝံသ၏
ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment