ရှေးခေတ်လယ်တီဆရာတော်ကြီးတို့ တည်ထားပူဇော်ခဲ့သော စေတီတော်များ၊ ရုပ်ပွားတော်များ၊
သမုဒ်သိမ်တော်ကြီး၊ ကျောင်းဆောင်စသည်များကို ၂၀၁၄ ခုနှစ်လောက်က တရုတ်ဝမ်ပေါင်ကုမ္ပဏီက
သူတို့အလုပ်ကိစ္စနှင့် မလွတ်ကင်းသဖြင့် ထိုသာသနိကအဆောက်အအုံများကို အကြွင်းမဲ့ဖြိုဖျက်ပြီး သံဃ
မဟာနာယကဆရာတော်ကြီးများ ဆုံးဖြတ်မိန့်ကြားတော်မူချက်အရ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး
ရွာနှင့် ဖောင်းတကာရွာကြီး လမ်းဘေးတွင် အသစ်တည်ထားပေးခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီး ဘုရားကြီး
ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏမထေရ်မြတ် ပြုစုရေးသားတော်မူခဲ့သော "ရုပ်ပွားစေတီတော်
အဟောင်းများ ပြုပြင်မှု အဆုံးအဖြတ် " စာအုပ်တွင် ပါရှိသည့်အတိုင်း မူကိုယူ၍တင်ပြပါမည်။
ဓမ္မပဒကျမ်းလာ စက္ခုပါလမထေရ်ဝတ္ထု၌ အကြင်ပုဂ္ဂိုလ်ပြုလုပ်သည့်ကံသည် (၁) ပဒုဌစိတ်ဖြင့်
ပြုလုပ်ခြင်း။ (၂) ပသန္ဓစိတ်ဖြင့် ပြုလုပ်ခြင်း ဟု နှစ်မျိုးရှိ၏။ ထိုတွင် ပဒုဌစိတ်ဖြင့်ပြုလုပ်သောကံသည်
အပြစ်ကြီး၏။ မိမိပြုလုပ်သည့်ကံအတိုင်း အပြစ်ပေးတတ်၏။ ပသန္ဓစိတ်ဖြင့် ပြုလုပ်သောကံသည် အကျိုး
ပေး၏။ မိမိပြုလုပ်သည့်ကံအတိုင်း အကျိုးပေးတတ်၏။
ကျမ်းဂန်ဒေသနာတွင် ပဒုဌစိတ်အပြစ်ပေးပုံ။ ။
" မနောပုဗဗ္ဗင်္ဂမာ ဓမ္မာ၊ မနော သေဌာ မနောမယာ၊
မနသာ စေ ပဒုဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ၊
ကတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။ " (ဓမ္မပဒ)
ကျမ်းဂန်ဒေသနာတွင် ပသန္ဓစိတ်အကျိုးပေးပုံ။ ။
" မနောပုဗဗ္ဗင်္ဂမာ ဓမ္မာ၊ မနော သေဌာ မနောမယာ၊
မနသာ စေ ပသန္နေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ၊
ကတော နံ သုခံ မနွေတိ၊ ဆာယာဝ အနပါယိနီ။ " (ဓမ္မပဒ) ဟုပါရှိပါသည်။
ထို့ကြောင့် ဘုရားပြို၊ ကျောင်းပျက်များကို ဖျက်၍ ပြုပြင်တည်ဆောက်ကြမည်ဆိုလျှင် အထက်ပါ
ဘုရားဟောဒေသနာတော်အတိုင်း " ပဒုဌစိတ် " ဖြင့် ပြုလုပ်လျှင် အပြစ်ကြီးပါမည်။ မုချငရဲသွားပါမည်။
အကျဉ်းချုပ်ရလျှင် ပြစ်မှားလိုသောစိတ်၊ ပျက်စီးစေလိုသောစိတ်၊ မကြည်လင် မသန့်ရှင်းသောစိတ်ဖြင့်
မဖျက်ကောင်း၊ မဖြိုကောင်းပါ။
အကယ်၍ ဟောင်းနွမ်းပျက်စီးနေသည်ကို မြင်တွေ့ရ၍ (မိမိကိုယ်ကျိုးမပါ) အသစ်ပြုပြင်လိုသော
စိတ်ထား " ပသန္ဓစိတ် " ဖြင့် မူလထက်ပိုကောင်းအောင် ပြုပြင်တည်ဆောက်လှူဒါန်းလိုသောစိတ်ထားဖြင့်
အဟောင်းဖျက်၍ အသစ်ပြင်လျှင် ဖျက်ကောင်းသည်။ ပြင်ကောင်းသည်။ ရွေ့ကောင်းပါသည်။ ။
{ ၂၀၁၆ ခုနှစ် (၁၈)ကြိမ်မြောက် ကံဖေတိုက်နယ် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲတော် စာအုပ်မှ
ကောက်နုတ်ရေးသားမျှဝေပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
သင်္ကန်းဝတ်ကလူဝတ်ကို၊အထူးသဖြင့်ဗုဒ္ဓဝါဒနှင့်ဆန့်
ReplyDeleteကျင်ဖက်ကံ၊ကံ၏အကျိုးလက်မခံသောကွန်မြူနစ်ပါတီ
စတည်ထောင်ခဲ့သူနှင့်(((ဘာသာခြား)))တို့ကိုဦးညွှတ်
အရိုသေပေးနေပုံတွေနှင့်ဝါဒဖြန့်ရင်ဘယ်လိုအပြစ်မျိုး
ဖြစ်စေပါသလဲရှင်းပြပေးစေလိုပါတယ်
အောက်ပါဗွီဒီယိုမှာတွေ့နှိင်ပါတယ်
Link http://bit.ly/2ida358
ဒါမတော်တဆဖြစ်ရပ်မဟုတ်ပါ၊နှစ်အတန်ကြာတည်း
ကတွေ့နေရတာပါ
မြင်သူတွေကလည်းမဆုံးမကြပါ
ယခင်ကပြည်ပမီဒီယာများမှသာဝါဒဖြန့်ပေးနေရာက
နောက်ပိုင်းမှာပြည်တွင်းမီဒီယာတွေထိကူးစက်လာ
ခဲ့ပါတယ်
နောင်လာနောက်သားတွေအယူလွဲပြီးသာသနာပြောင်း
ပြန်ဖြစ်လာနှိင်ပါတယ်
ပညာရှိသူတွေဆုံးမကြပါ
စာရေးသူကတော့ဒီမတန်မရာပြောင်းပြန်လုပ်ရပ်တွေ
လုပ်နေတဲ့အဖွဲ့အစည်းတွေကြောင့်တိုင်းပြည်ဘေးဆိုး
တွေတွေ့နေရတယ်လို့ယုံကြည်ပါတယ်
အသေးစိတ်သိလိုလျှင်အောက်ပါလိပ်စာမှာရှာဖတ်
ကြည့်ပါရန်
Link http://bit.ly/2kQQI9D