သူများအကြောင်းကို စဉ်းစားရင်းနဲ့၊
အချိန်တွေကုန်ခဲ့ပေါင်း များလှပြီ၊
အကုသိုလ်ဖြစ်ခဲ့ပေါင်း များလှပြီ။
ဘယ်သူ့အကြောင်းမှ၊
ကိုယ့်အကြောင်းလောက်၊
ကိုယ့်အတွက် အရေးမကြီးဘူး။
ကိုယ့်အကြောင်း ကိုယ်စဉ်းစား၊
ကိုယ့်ပြဿနာ ကိုယ်ရှင်း၊
ကိုယ့်အရေး ကိုယ်ကြီးပါ။ ။
အရှင်ဥတ္တမ(သစ္စာရွှေစည်)
{ ၁၃၇၃-ခုနှစ်၊ ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီး
ရင်ပြင်တော်၌ အရှင်ဥတ္တမ(သစ္စာရွှေစည်)ဆရာတော် ဟောကြားတော်မူသော "သူ့အကြောင်း ကိုယ့်အကြောင်း"
တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment