Saturday, June 10, 2017

လူ့ဘ၀မှာ သက်တမ်းစေ့အသက်ရှည်ရတာ။

အချို့ကတော့ မေတ္တာ၊ ကရုဏာစိတ် အားကြီးကြပါတယ်။ ကူညီလိုစိတ်၊ စောင့်ရှောက်လိုစိတ်နှင့်
ပြုမူပြောဆို ဆက်ဆံတတ်ကြပါတယ်။ သတ်ဖြတ်ရမှာ အလွန်ဝန်လေးပြီး အထူးရှောင်ကြည်တတ်
ကြပါတယ်။ ဒီပုဂ္ဂိုလ်တွေသေရင် နတ်ပြည်ကို ရောက်ရတတ်ပါတယ်။တကယ်လို့ အခြားကံ တစ်ခု
ခုကြောင့် လူ့ပြည်ကို ရောက်လာရင်လည်း လူ့ဘ၀မှာ သက်တမ်းစေ့ အသက်ရှည်ရှည် နေကြရပါတယ်။
သူတစ်ပါးကို မသတ်ခြင်းဟာ အသက်ရှည်ဖို့ရာ ကံအကြောင်းတရား ဖြစ်ပါတယ်။
{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး
အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment