Sunday, June 4, 2017

သုခငါးဖြာ။

       မဂ်ဉာဏ်လေးဖြာဖြင့် နှစ်သိမ့်ရောင့်ရဲသော၊ သစ္စာလေးဖြာ ပေါ်လွင်ထင်ရှားပြီးဖြစ်သော
ခန္ဓာမှကင်းဆိပ်ရာ နိဗ္ဗာန်ကို ဉာဏ်မျက်စိဖြင့် မြင်ပြီးဖြစ်သော ပုဂ္ဂိုလ်များမှာ=
   ၁။ ခန္ဓာရမှုမှကင်းဆိပ်ရာ နိဗ္ဗာန်သည် သုခတစ်ပါးဖြစ်သည်။
   ၂။ လောက၌ ဒေါသဗျာပါဒကင်းကွာ (ဥပစာရ)မေတ္တာသည် သုခတစ်ပါးဖြစ်သည်။
   ၃။ သတ္တ၀ါများအပေါ်၌ ဒုက္ခကို ပယ်ဖျောက်သောအားဖြင့် စောင့်စည်းခြင်း (ဥပစာရ)ဂရုဏာ
သည် သုခတစ်ပါးဖြစ်သည်။
   ၄။ လောက၌ ၀တ္တုကာမ၊ ကိလေသာကာမဟူသော နှစ်ဝသောကာမတို့ကို လွန်မြောက်ခြင်း၊
 တပ်မက်မှုကင်းခြင်းသည် သုခတစ်ပါးဖြစ်သည်။
   ၅။ ငါမှ ငါ, ဟူသော မာန်မာနကို ပယ်ဖျောက်ခြင်းသည် အမြတ်ဆုံးသော သုခတစ်ပါးဖြစ်သည်။
     (သုဓမ္မသိင်္ဂီ ခင်ဆွေလဲ့၏ ဗုဒ္ဓဂယာမြေမြတ်မဟာ တရားစခန်းပွဲဓမ္မခရီးမှ ကူးယူရေးသား
      ပူဇော်ပါသည်။)

 ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment