Monday, July 10, 2017

" ကိုယ်ပိုင်ခေတ်ကို တည်ဆောက်ပါ "


လောကမှာ...
* ရိုင်းပြတဲ့ သူရှိသလို... ယဉ်ကျေးတဲ့ သူရှိတယ်၊
* ကြမ်းတမ်းတဲ့ သူရှိသလို နူးညံ့တဲ့ သူရှိတယ်၊
* ရိုင်းပြတဲ့ ပတ်ဝန်းကျင်ရှိသလို ယဉ်ကျေးတဲ့ ပတ်ဝန်းကျင်ရှိတယ်၊
* ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ရှိသလို နူးညံ့တဲ့ ပတ်ဝန်းကျင်ရှိတယ်၊

“ ဒီခေတ်ကြီးက ကြမ်းတမ်းလိုက်တာ၊ ရင်းဆိုင်းလိုက်တာ” လို့ တွေးပြီး စိတ်မညစ်ပါနဲ့၊ ကိုယ့်ခေတ်ကို ကိုယ်တိုင် စိတ်ကြိုက် ဖန်တီးလို့ ရပါတယ်၊
* ကိုယ့်ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာဟာ ကိုယ့်ခေတ်ပါပဲ၊
* ဒီပတ်ဝန်းကျင်က ရိုင်းဆိုင်းလိုက်တာလို့ မတွေးပါနဲ့၊
* ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တိုင်ရွေးချယ်လို့ ရပါတယ်။
* ကိုယ်က နူးညံ့နေရင်... ကိုယ်က ယဉ်ကျေးနေရင် ရိုင်းဆိုင်းတဲ့
ပတ်ဝန်းကျင်နဲ့ ခေတ်က ကိုယ့်ကို ကြာရှည်စွာ ဒုက္ခမပေးနိုင်ပါဘူး။
* ကြာဟာ ရေထဲမှာနေသော်လည်း ရွံ့ မကပ်သလို၊ ရေထဲကို ဆီ လောလောင်းထည့်သော်လည်း ရေကတော့ သပ်သပ်နေတာပါပဲ...။
* ဒါကြောင့် ကိုယ့်ရဲ့ ယဉ်ကျေးတဲ့ ခေတ်နဲ့ နူးညံ့တဲ့ ပတ်ဝန်းကျင်ကို ကိုယ်တိုင်ဖန်တီးပါ။
(ရွှေဘုန်း)

No comments:

Post a Comment