အနိမိတ္တသတ္တဟ = မမှိတ်မသုံရပ်၍ ကြည့်ရှုတော်မူသော နေရာဋ္ဌာနနှင့် အပရာဇိတ
ပလ္လင်အကြား အတောင်ခြောက်ဆယ်ရှည်လျားသော နတ်တို့ဖန်ဆင်းအပ်သော ရတနာအတိပြီးသော
ရတနာစင်္ကြံ၌ ( ၇ ) ရက်ပတ်လုံး စင်္ကြံကြွတော်မူ၍ သီတင်းသုံးတော်မူ၏ ။ ထိုရတနာ
စင်္ကြံ၌ စင်္ကြံ လျှောက်၍သီတင်းသုံးတော်မူသောကြောင့် ရတနစင်္ကမသတ္တာဟ ဟုခေါ်ဆိုခြင်း
ဖြစ်ပါသည် ။
အသောကမင်းကြီးက ရတနာစင်္ကြံလမ်း အထိမ်းအမှတ်အဖြစ်ဖြင့် ကျောက်တုံးများကို
ညီညီညာညာ ချောချောမွတ်မွတ်ဖြတ်၍ ကြာပွင့်သဖွယ် သရုပ်ဖော်ကာ ကြာပွင့်ပေါင်း ( ၁၉ ) ပွင့်
ထုလုပ်ပူဇော်ထားပါသည် ။
ယခုအခါ ဗုဒ္ဓသာသနာ ( ၂၅၀၀ ) ပြည့်အထိမ်းအမှတ်အဖြစ်ဖြင့် စင်္ကြံလမ်းကိုပြုလုပ်ပူ
ဇော်ထားသည်ကိုလည်း တွေ့မြင်ရပါသည် ။
(သုဓမ္မသိင်္ဂီ ခင်ဆွေလဲ့၏ ဗုဒ္ဓဂယာမြေမြတ်မဟာ တရားစခန်းပွဲဓမ္မခရီးမှ ကူးယူရေးသား
ပူဇော်ပါသည်။)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment