သတိသံဝေဂရကြပါစေ
ထိတ်လန့်ဘွယ်ရာ သံဝေဂရစရာ မေးလ်တစ်ခုကို ၊ ၇. ၀၂ . ၂၀၁၁။ တနင်္လာနေ့ နေ့လည် ၂ နာရီ ၃၀ မှာ ရောက်လာလို့ ဖတ်သိလိုက်ရတယ်။
ဗုဒ္ဓ ဘုရားဟောကြား ညွှန်ပြခဲ့တဲ့ ငရဲဆိုတာ ဘာသာတရားကို အထူးလေးစားသူ တစ်ယောက်ဖြစ်တာမို့ အကြွင်းမဲ့ ယုံကြည်ပြီးသားပါ။ သို့ပေမဲ့ မတွေ့ရ မမြင်ရတဲ့ နေရာမျိုးမို့ တစ်ခါတခါ တကယ်ရော ရှိပါရဲ့လားလို့ ယုံမှားသံသယ ဖြစ်ကြသူတွေအဖို့ တကယ်ကို သိပ္ပံနည်းနဲ့ တွေ့လိုက်ရပါပြီဆိုတာ သိစေချင်လို့ ဒီ အကြောင်း အရာလေးကို ဖောက်သည်ချလိုက်တာပါ။
ဒီစာကိုဖတ်ပြီးရင်တော့ သံသယရှင်းသွားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာသာရေးတိုင်းမှာ သံသယဆိုတာ ရှိတတ်စမြဲပါ၊ ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာရှိတဲ့ ဘာသာဝင်တွေဟာ မိမိဘာသာတရားရဲ့ ဆုံးမမှု ညွှန်ပြမှုများကို လုံးဝယုံကြည်လက်ခံသူ ရှိသလို သံသယစိတ်နဲ့ နေသွားကြတဲ့ ဘာသာဝင်တွေလဲ များစွာရှိကြမှာပါပဲ။ တစ်ခြားဘာသာဝင်တွေ ဘယ်လိုရှိရှိ ဗုဒ္ဓဘာသာဝင်များ မိမိ ကိုးကွယ်တဲ့ဘုရားသည် သမ္မာသံဗုဒ္ဓဂုဏ်တော် (အလုံးစုံ သိမြင်တော်မူခြင်း) ဆိုတာကို သံသယ မပွားမိကြဖို့ အထူးရည်ရွယ်ပြီး တင်ပြပေးလိုက်တာပါ။
ဗုဒ္ဓဟောချက်များကို သိပ္ပံပညာရှင်တို့ နည်းပေါင်းစုံနဲ့ လေ့လာရှာဖွေလာကြတာ နှစ်တွေအတော်ကြာခဲ့ပါပြီ၊ လက်ခံနိုင်စရာ အချို့တွေ့ရပေမဲ့ လက်ခံလို့ မရနိုင်သေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်တဲ့ ။ ဒါဟာလည်း မတွေ့သေးလို့သာ လက်မခံနိုင်ကြတာပါ။ သူရောကိုယ်ပါ လက်တွေ့မှ ဆိုတဲ့သူတွေက များနေကြလေတော့ မယုံသူတို့ကို အပြစ်မဆိုသာကြပါဘူး။ အဲဒီိထဲမှာ ငရဲကြီးရှစ်ထပ်ဆိုတာ အပါအ၀င်ပဲပေါ့။ နှစ်တွေကြာ အချိန်တွေကုန်သွားပေမဲ့ တစ်စကလေးမှ မတွေ့ခဲ့ကြလေတော့ ငရဲဆိုတာ တကယ်မရှိပါဘူးလို့ ကောက်ချက် ချခဲ့ကြမှာ အမှန်ပါပဲ ။ ယခုတော့ ထိုကောက်ချက်ကို ဖြေရှင်းပေးလိုက်တဲ့ သူများကတော့ ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒပညာရှင်များနှင့် ပည်ပကငှားရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင်များပဲ ဖြစ်ကြပါတယ်။ ဒီအချက်တွေကို စာဖတ်သူတို့ လေ့လာနိုင်ဖို့ တင်ပြပေးလို က်ပါတယ်။
Subject: မြတ်စွာဘုရားဟောကြားခဲ့တဲ့ ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒ
ပညာရှင်များက အတည်ပြု ……………………………ဘာကြောင့်ပါလိမ့်။
လူသားတို့ နေထိုင်ကြတဲ့ ကမ္ဘာမြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ့လျှားမှုအကြောင်း လေ့လာကြတဲ့ ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒပညာရှင်များနှင့် ပြည်ပက ငှားရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင်များ ပူးပေါင်းပြီး... ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယား နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ် တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ်။ ပိုက်လုံးတွေချပြီးတူးကြရင်းက မြေအေညက်အနက် ကိုးမိုင်အရောက်မှာတော့ ဇာတ်လမ်းက စတော့တာပဲ။ ပူးပေါင်းတွင်းတူးတဲ့ အဖွဲ့ခေါင်းဆောင်
ဆိုဗီယက်ဘူမိဗေဒပညာရှင် ဒေါက်တာ ဒီမီထရီအက်ဇာကော့လို့  ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့အခါ တွင်းတူးတဲ့ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကို တွေ့ရှိရပါတယ်။
ဘာကြောင့်တုန်ခါသလဲဟု စစ်ဆေးကြ တဲ့အခါ တွင်းတူးပိုက် ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကို ရောက်နေလို့  ထိမ်းမရအောင် လှုပ်ရမ်းနေခြင်း ဖြစ်တယ်လို့ တွေ့ရှိပါတယ် ။ အဲဒီအခါမှာတော့ လုံးဝမခံမရပ်နိုင်အောင် နာကျင်တယ်လို့  အော်ဟစ်နေကြတဲ့ အသံကို စတင်ကြားရပါတယ်။ ပထမတော့သူတို့ ရဲ့ တွင်းတူးစက်နဲ့ ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်ထားကြပေမဲ့ သေချာစူစမ်းပြီး နားထောင်တဲ့အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာ ကြားနေ
ရတဲ့ အသံတွေဖြစ်တာကြောင့် နားတွေတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့  ဒေါက်တာ ဒီမီထရီအက်ဇာကော့ က ဆိုပါတယ်။ သေချာအောင်လို့  အသံဖမ်းစက်ကို တွင်းထဲချပြီး အသံဖမ်းနားထောင်တဲ့ အခါမှာတော့ ……………
မခံမရပ်နိုင်အောင် အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့အသံကို သဲသဲကွဲကွဲ စတင်ကြားလိုက်ရတယ်။ အဲဒီအသံနဲ့အတူ လူပေါင်းထောင်ပေါင်းများစွာ သို့ မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲ ကြားလိုက်ရတယ်လို့  ဆိုပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာ ဒီမီထရီအက်ဇာကော့ အပါအ၀င် . တခြားပညာရှင်တွေရော.. တွင်းတူးလုပ်သားတွေပါ အံြ့ သတုန်လှုပ်မှုများစွာ ဖြစ်ခဲ့ရပါတယ် အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့ အသံကူးထားလိုက်ပြီး လုပ်ငန်းကို ဆက်မလုပ်တော့ပဲ
တွင်းပေါက်ကို အဖုံးဖုံးပြီး ပိတ်ထားလိုက်ကြတယ်။
ဒါဟာငရဲကို တွေ့ ရှိခြင်းလို့  သူတို့  ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့ လူ့လောကကို ဆက်ပေးလိုက်ကြပြီလို့  ထင်မိပါတယ်။ “ကျနော်အခုခင်ဗျားတို့ ကို ပြောပြနေတဲ့ ဟာတွေက တွင်းတူးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့နဲ့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ ရဲ့ ပြောကြားချက်တွေပါပဲ။ “ဒီသတင်းတွေကို ဖင်လန်နိုင်ငံက
အင်မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ် စာစောင်က ရေးသားဖော်ပြကြတယ်။
ဒီကမ္ဘာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကိုပူလောင်တယ်လို့  သိခဲ့ရပါတယ်။ အခုသူတို့  ရောက်နေတဲ့ နေရာ ပူအိုက်စွတ်စိုတာဟာ ဖာရင်ဟိုက်အပူချိန် ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲ ရှိတယ်။ မြေကြီးအောက် ကိုးမိုင် အကွာက အပူချိန်ဒီဂရီဖာရင်ဟိုက် ၂၀၀၀ ရှိတယ်လို့ တွက်ချက်သိရှိရတယ် ။ သူတို့  မူလခန့် မှန်းထားတဲ့ အပူချိန်ထက် ဆယ်ဆလောက်တောင် များနေတယ်လို့  တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်က ဆိုပါတယ် .။
တွင်းတူးအဖွဲဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့် ဘူမိဗေဒပညာရှိချုပ်တို့ဟာ နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင်ကျော်ကြားမှုအရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့ သတင်းစာကြီးက ၁၉၉၀ ခု ဇန်န၀ါရီလ ၄ရက် နေ့မှာ တွေ့ဆုံမေးမြန်းခဲ့တယ်။ ဘာနီနန်မီဒယ် ပြောတာတွေကို သတင်းစာမှာ ရေးသားဖော်ပြခဲ့ကြတယ်။ အဲဒီသတင်းစာမှာတော့ ... ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာ တကယ်ရှိနေပြီ ၊ တွင်းတူးတွေ့ ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။
ဒီလိုတွေ့ရှိမှုတွေ ပြီးတဲ့နောက်မှာ နော်ဝေးနိုင်ငံနဲ့ ဖင်လန်နိုင်ငံမှ . ဘူမိဗေဒပညာရှင်တချို့ .. အလုပ်က နှုတ်ထွက်လိုက်ကြတယ်လို့  သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ကြတယ်။ အမှန်တစ်ကယ်ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့ နိုင်ငံခြားသား အားလုံးကို . တွေ့ရှိချက်အပြီး နှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင် မထားတော့ပဲ. ပြည်ပကို ပြန်ပို့ လိုက်ကြပြီး အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို့ ဆိုပါတယ်။ အဲဒီသတင်းကို ကားတဲ့အခါမှာ ဆိုဗီယက် အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်းလိုက်ကြတယ်။
ဆိုဗီယက် သာသနာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က တစ်ဦးချင်းကို ငွေပေးပြီး နှုတ်ပိတ်ခဲ့တယ်။ ဒါပေမဲ့ ငွေဘယ်လောက်ဆိုတာကိုတော့ တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကိုမေးလို့  မရခဲ့ပါဘူး။ ခန့် မှန်း ရသလောက်ကတော့ တစ်ဦးစီကို သိန်းဂဏန်းလောက် ပေးပုံရတယ်လို့  မီဒီယာသမားတွေက ထင်မြင်ချင်ဖြင့် ရေးသားခဲ့ကြပါတယ်။
ဘာနီနန်မီဒယ်ကတော့ သူရရှိတဲ့ ငွေတွေကို တပြားတချပ်မှမယူပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လှူဒန်းလိုက်တယ်လို့ သိရပါတယ်။ ဒီသတင်း ပေါက်ကြားတဲ့အခါမှာတော့ သူ့ အသက်လဲ စိုးရိမ်ရပါတယ်ဟုလဲ ပြောခဲ့ပါတယ် ။ ဆိုဗီယက် အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို မြေဆီလွှာလှုက်ရှားသံဟု .. ဆိုပြီ . ပယ်ချခဲ့ပါတယ်။ နောက်စာတစ်စောင်ကတော့ နော်ဝေးနိုင်ငံသား အေ့ (ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့လူ ရေးခဲ့တဲ့စာပါပဲ။ သူဟာ. နော်ဝေးနိုင်ငံ တရားရေးဝန်ကြီးဌာန၀န်ကြီးရဲ့ အထူးအတိုင်ပင်ခံ
တစ်ယောက်လဲဖြစ်တယ် ။
စာရေးတဲ့ နေ့ စွဲက ၁၉၉၀ခု ဇန်န၀ါရီလ ၇ ရက်နေ့  သူ့ စာထဲမှာရေးခဲ့တာကတော့ ၁၉၈၉ ခု ခရစ်စမစ်ရုံးပိတ်ရက်မှာ သူက အမေရီကန်နိုင်ငံ ကားလီဖိုးနီးယားပြည်နယ်ကို အလည်အပတ် ရောက်နေချိန်မှာ နော်ဝေးနိုင်ငံက ဆိုက်စမစ် ဘူမိဗေဒပညာရှင်တွေဟာ တွင်းတူးရင်းနဲ့  ဟောင်းလောင်းပေါက် ဟင်းလင်းပြင်ကို တွေ့ရပြီး .. လူထောင်းပေါင်းများစွာရဲ့ အော်ဟစ်သံက ကြားရကြောင်း သတင်းစာကို ဖတ်ရတယ်။ ဒီသတင်းစာကို ဟာသဆိုပြီး ပြက် ရယ်ပြုခဲ့ ပါသေးတယ်ဟု ဆိုပါတယ်။
ဒါပေမဲ့မကြာပါဘူး ပည့်ပြည့်စုံစုံ ရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကို ဖတ်လိုက်ရတဲ့အခါမှာတော့ သူဟာ အရမ်းအံ့သြ
တုန်လှုပ်မိပါကြောင်းနှင့် နောက်ဆုံးမှာတော့ သူ့ ကို ဘုရားသခင်ထံမှာ အပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာ ထားပေးကြပါလို့  ရေးသားထားကြောင်း သိရပါတယ်။
ကျမ်းည္မန်း။ အကုသိုလ်နှင့် ငရဲပြည် စာအုပ်မှ ။ ဘာသာပြန် ဘကြီးဇင်။
မုဒုံဆရာတော် {၇.၂.၂၀၁၁}
No comments:
Post a Comment